လုံခြုံစွာ ရွေ့ပြောင်းအလုပ်လုပ်ကိုင်ခြင်းဆိုင်ရာအမြင်ဖွင့် သင်တန်းပြလုပ်

လိုင်ဇာဌာနချုပ် အမျိုးသမီးအဖွဲ့ဦးဆောင်ပြီး မတ်လ ၆ ရက်နေ့က လုံခြုံစွာဖြင့် ရွေ့ပြောင်းအလုပ်လုပ်ကိုင်ခြင်း ဆိုင်ရာနဲ့သက်ဆိုင်ပြီး တွေ့ရှိချက် အမြင်ဖွင့်သင်တန်းတစ်ခုကို လိုင်ဇာမြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီသင်တန်းမှာတော့ လုံခြုံစွာဖြင့် ခရီးသွားလာခြင်းကို အဓိကထားပြောကြားတာဖြစ်ပြီး လူငယ်တွေ ခရီးသွားလာချိန် သိသင့်သိထိုက်တဲ့ လုံခြုံရေးဆိုင်ရာများ မိဘများအနေဖြင့်လည်း ကိုယ့်ရဲ့သားသမီးများကို သတိပေးရမည့် အကြောင်းအရာများကို ပို့ချပေးခဲ့ပါတယ်။

“ကျမတို့ရဲ့ မိဘများအနေဖြင့် ရွေ့ပြောင်းအလုပ်လုပ်ကိုင်ချိန်မှာ လုံခြုံမှုရှိရှိလုပ်ကိုင်ခဲ့ကြားတယ်ဆိုတာကို သူတို့နားလည်သဘောက်ပေါက်မှ လူငယ်တွေ သွားလာချိန်မှာ သတိပေးနိုင်မယ်၊ အမြင်တွေပေးနိုင်မှာဖြစ်တာကြောင့် မိဘများအနေဖြင့် သိထားသင့်တယ်တာကြောင့် သင်တန်းပေးခြင်းဖြစ်တယ်” လို့ ပို့ချသူဆရာမကပြောပါတယ်။

ယခုလိုသင်တန်းပေးခြင်းအားဖြင့် စစ်ဘေးရှောင်စခန်းများရှိ လူငယ်များ ခရီးသွားလာချိန် လုံခြုံစိတ်ချစွာသွားလာနိုင်ဖို့အတွက် သိသင့်သိထိုက်တဲ့အရာများ သိရှိထားမှသာ လူကုန်ကူးခံရခြင်းများမှ ကာကွယ်နိုင်မှာဖြစ်ပြီး အလုပ်ရှင်များရဲ့ လုပ်အားခ ခေါင်းပုံဖြတ်ခြင်းများကို သိရှိနားလည်နိုင်ဖို့ ဖြစ်ပါတယ်။

ဒီသင်တန်းကိုတော့ အသက် ၅၀ အောက်မိဘများနဲ့ မဂါ့ယန်၊ ရှအစ်ယန်၊ ဂျဲယန်၊ ဖွန်လွမ်ယန်၊ ဝှေကြိုင်စတဲ့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများနဲ့ လိုင်ဇာဒေသခံများကို အဓိကထားပို့ချပေးခဲ့ပါတယ်။

Leave a Reply

*