ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နန့်မော်ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မေလ ၁၅ ရက်နေ့ညက မြေစာပုံပြိုကျမှုတွေင် ပျောက်ဆုံးသွားခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် လမင်းသာ ရဲ့ရုပ်ကလပ်ကို သုံးရက်ကြာ ရှာဖွေအပြီးမှာတော့ တူးဖော်ရယူနိုင်ခဲ့ပါတယ်။

ထိုနေ့ည တကောင်းမြန်မာ ကုမ္ပဏီလုပ်ကွက်တွင် ကျောက်တူးဖော်နေသူ ၈ ဦးရှိခဲ့ကာ မြေစာပုံပြိုကျမှုကြောင့် တစ်ဦးပျောက်ဆုံးသွားပြီး ကျန် ၇ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို ကျင်းသားများကို ထောက်ပံ့သူကလည်း သတိမေ့မျောသွားတာကြောင့် မြစ်ကြီးနားဆေးရုံအထိ ပို့ဆောင်ပေးလိုက်ရပါတယ်။

ယနေ့မှာတော့ ပျောက်ဆုံးသွားတဲ့ လမင်းသာရဲ့ ကျန်ရှိနေတဲ့ ရုပ်ကလပ်ကို ညနေ ၄ နာရီခွဲခန့်တွင် သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။