လီဒိုလမ်းတဝိုက် ယခုနှစ်စပါးထွက်နှုန်းကျဆင်း

တနိုင်းလီဒိုလမ်းတလျှောက် စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာ ယခုနှစ်စပါးအထွက်နှုန်းက ယခုနှစ်ရဲ့ တဝက်နီးပါးမျှလျော့ကျသွားတာကြောင့် တောင်သူများ စိတ်သောက ရောက်နေကြရပါတယ်။

ယခင်နှစ်စိုက်ပျိုးစဉ် တစ်ဧကလျှင် တင်း ၉၀ မှ ၁၀၀ ကြားထွက်ရှိပေမယ့် ၂၀၂၀ နှစ်မှာတော့ ၄၀ ကနေ ၅၀ သာထွက်ရှိတာကြောင့် စပါးစိုက်တောင်သူများအနေဖြင့် နောက်တစ်ရာသီမရောက်ခင် စားဝတ်နေရေးခက်ခဲလာမည်ကို စိုးရိမ်နေကြရပါတယ်။

စပါးပင်များတွင် ပိုးမွှားများကျရောက်ခြင်းကြောင့် ယခုလိုအထွက်နှုန်းကျဆင်းခြင်းဖြစ်တယ်လို့ တွက်ဆထားကြပါတယ်။

ယခုလို အထွက်နှုန်းကျဆင်းခြင်းကို ခံစားနေရတဲ့ တနိုင်းလီဒိုလမ်းတလျှောက်ရှိကျေးရွာများကတော့ လဝါး၊ ခွန်ဆိုင်းယန်၊ မန်ပန်၊ နောင်းမီ၊ ဝါရာဇွပ်နဲ့ ဂျာထုကျေးရွာများက စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုနေကြသော ဒေသများဖြစ်ကြပါတယ်။

Leave a Reply

*