လီဒိုလမ်းတစ်လျှောက် ၄ နေရာ စစ်ကောင်စီယာဉ်တန်းကို ကေအိုင်အေတိုက်ခိုက်

တနိုင်း-လီဒိုလမ်းမ၊ လဝါးကျေးရွာအနီး ခွန်ဆိုင်ယန်သုသာန်တဝိုက် အောက်တိုဘာ ၁၁ ရက်နေ့ မနက် ၉ နာရီခွဲတွင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၂ တပ်ရင်း ၂၀ တို့နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ထိုစစ်ကောင်စီတပ်ဖွဲ့များက မနက် ၉ နာရီခန့်တွင် မန်ပန်ကျေးရွာ ခလရ (၂၉၈) တပ်မှ စစ်ကား ၃၈ စီးဖြင့် ထွက်ခွာလာတဲ့ စစ်ယာဉ်တန်းအုပ်စုဖြစ်ကြောင်း သိရပါတယ်။ မနက် ၁၀ ခန့်မှာတော့ ၎င်းစစ်ကောင်စီတပ်ဖွဲ့နဲ့ လဝါးဘက်အခြမ်း ဆိုင်လိန်ချောင်းရောက်ရှိချိန် ကေအိုင်အေတပ်ဖွဲ့မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ယာဉ်တန်းအုပ်စုက ဆက်လက်ထွက်ခွာလာမှု ပြုလုပ်လာတာကြောင့် ကဝါးပန်တွင် ကေအိုင်အေတပ်မှ ထပ်မံမိုင်းဆွဲတိုက်ခိုက်လိုက်အပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

ထို့အပြင် ဒွမ်ဘွမ်းနဲ့ မရန်ကထောင်ကြား အရောက်တွင် ထိုစစ်ယာဉ်တန်းအုပ်စုကို ကေအိုင်အေတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ​ သတင်းရရှိပါတယ်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က တနိုင်း-လီဒိုလမ်းတဝိုက် စစ်အင်အားတိုးချဲ့ခြင်း၊ စစ်လက်နက်ခဲယမ်း၊ ရိက္ခာများ ဖြည့်တင်းခြင်းများကို ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ရေးလှုပ်ရှားမှုတွေလည်း ခပ်စိတ်စိတ် ရှိလာတာကြောင့် ကေအိုင်အေတပ်နဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားမှုတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခံရမှုတွေလည်း ရှိနေပါတယ်။

Leave a Reply

*