မတ်လ ၃ ရက်, ညနေ ၅:၁၅ နာရီ အချိန်၊ လိုင်ဇာမြို့တွင်ရုတ်တရက် လေပြင်းများတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးများကြွေကျခြင်းကြောင့် ၀ိုင်ကြိုင် IDP Camp ရှိစစ်ဘေးရှောင်ပြည်သူများ၏နေအိမ်(၂၅)လုံးနှင့်မီးဖိုချောင်(၁၀)လုံးပျက်စီးသွားကြောင်းနှင့် ရပ်ကွက်(၅)အတွင်းတစ်ဝိုက်တွင်သစ်ပင်များကျိုးကျခြင်းကြောင့်မီးတိုင်များပျက်စီးသွားကြောင်းကြားသိရသည်။