Irrawaddy Orginazation အဖွဲ့ဦးဆောင်ပြီး လိုင်ဇာမြို့ အထက်တန်းကျောင်းခန်းမတွင် ဒီဇင်ဘာ ၂၂ ရက်နေ့က ပန်းချီစိတ်ပါဝင်စားတဲ့ ကျောင်းသားများ ရေးဆွဲထားတဲ့ စိတ်၏ထွက်ပေါက်ပန်းချီပြပွဲကို ပြုလုပ်ခဲ့ပါတယ်။

လိုင်ဇာအထက်တန်းကျောင်းတွင် ၂၀၁၇ ခုနှစ်ကတည်းက ပန်းချီသင်ကြားခြင်းကို လုပ်ဆောင်ခဲ့ကာ စစ်ဘေးဒုက္ခသည်တွေ ခံစားနေရတဲ့အရာများကို ပုံဖော်ရေးဆွဲချယ်သတဲ့ ပန်းချီများဖြစ်ကာ လက်ရှိ ပန်းချီဆရာ ၅ ဦးနဲ့ ကျောင်းသာ အယောက် ၃၀၀ ကျော်ပါဝင်ခဲ့တယ်လို့ အထက်တန်းကျောင်းအုပ် ဆရာတန်ဘောင်ဆန်အောင် ကပြောပါတယ်။
ယခုလို ပန်းချီပြပွဲပြုလုပ်နိုင်တာကြောင့် ဝမ်းသာပီတိဖြစ်ရကာ စစ်ဘေးဒုက္ခသည်ကလေးငယ်များရဲ့ စိတ်တွင်းခံစားရမှုတွေကို တွေ့မြင်နေရတာကြောင့် ရေးဆွဲလိုက်နိုင်တာကြောင့် စိတ်ဒဏ်ရာ သက်သာရာရလိမ့်မယ်လို့ မျှော်လင့်မိသလို ပန်းချီနဲ့သက်ဆိုင်ပြီး ဆက်လက်အားပေးအားမြောက်ပြုဖို့ မျှော်လင့်ကြောင်း ပန်းချီရေးဆွဲနေတဲ့ အင်ဂျမ်းထွယ်ဆန်အောင်ကပြောပါတယ်။
ပန်းချီပြသခြင်းကို ပထမဦးဆုံးပြုလုပ်ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့အထိ ပြသသွားမှာဖြစ်ပြီး ထိုကျောင်းတွင် ကျောင်းဆရာ ၇၄ ဦးက ကျောင်းသား ၁၁၀၀ ကျော်ကို စာသင်ကြားပေးနေတဲ့ အထက်တန်းကျောင်းလည်းဖြစ်ပါတယ်။