လိုင်ဇာမြို့တွင်း အခြားဒေသကနေ ဝင်ရောက်သွားလာခွင့်ကို အောက်တိုဘာ ၁ ရက်နေ့ကစတင်ပြီး ပိတ်ပင်လိုက်ပြီဖြစ်တယ်လို့ ကိုဗစ်-၁၉ ရောဂါကာကွယ် နှိမ်နှင်းရေး ဗဟိုကော်မတီ ထုတ်ပြန်လိုက်ပါတယ်။

Mai Sak Pa ဂိတ်အပြင်ကနေ ဝင်ရောက်မည့် ခရီးသွားပြည်သူများ၊ ကုန်ကားများ၊ ဆိုင်ကယ်များဖြင့် သွားလာမှုများအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူများပြားလာသလို ကချင်ပြည်နယ်မှာလည်း ပိုးတွေ့လူနာတိုးလာခြင်းကြောင့် ယခုလို လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။
စားသောက်ဆိုင်များကလည်း ဆိုင်ထိုင်ခွင့်ပိတ်ပင်လိုက်ပြီး ပါဆယ်စနစ်ကိုသာအသုံးပြု ရောင်းချဖို့ ခွင့်ပြုပေးထားကာ အများပြည်သူအနေဖြင့် အရေးတကြီးမလိုအပ်ပဲ အပြင်ထွက်သွားလာခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းထားကာ လိုက်နာမှုမရှိသူများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။