လိုင်ဇာမြို့ဝင်ဂိတ်ပြင်ပရှိ ပြည်သူများကို ကိုဗစ်ပိုးရှိမရှိစစ်ဆေးပေး

လိုင်ဇာမြို့ဝင်ဂိတ်တစ်ခုဖြစ်တဲ့ မိုင်ဆပ်ပါစစ်ဆေးရေးဂိတ်အပြင်ဘက် အနီးဝန်းကျင်ရှိ ဒေသခံပြည်သူများကို ဩဂုတ်လ ၁၁ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ ဦးစီးပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ လိုအပ်တဲ့ နမူနာယူစစ်ဆေးပေးနေပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီမှ လိုင်ဇာမြို့ကို ကိုဗစ်ကင်းစင်နယ်မြေဖြစ်အောင် ကြိုးစားလုပ်ဆောင်နေတာဖြစ်ပြီး မိုင်ဆပ်ပါဂိတ်ပြင်ပကိုလည်း သတိထားပြုရမည့်နေရာအဖြစ်သတ်မှတ်ကာ ရောဂါစစ်ဆေးပေးခြင်းနဲ့ ဆေးဝါးကုသပေးခြင်းတွေကို ဂိတ်ပြင်ပတွင် ပြုလုပ်ပေးဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုဗစ်ရောဂါပိုးရှိမရှိ လာရောက်စစ်ဆေးခံသူ ပြည်သူ ၃၀၀ ဝန်းကျင်ရှိနေပြီဖြစ်ကာ စာရင်းပေးသွင်းထားသူကတော့ ၁၀၀၀ နီးပါးရှိနေတာဖြစ်ပါတယ်။

ကေအိုင်အိုထိန်းချုပ်နယ်မြေတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ကျန်းမာရေးစောင့်ကြည့် ဆေးဝါးကုသမှုခံယူနေသူ ၇၉၈ ဦးရှိနေကာ သံသယလူနာကတော့ ၁၀၇ ဦးရှိကြောင်း သိရပါတယ်။

Leave a Reply

*