လိုင်ဇာမြို့ရှိ လူငယ်များ မြို့တွင်း နှာခေါင်းစည်းဝေမျှမှုပြလုပ်

၂၁ ကြိမ်မြောက် ကေဘီစီလူငယ်များနေ့ အထိမ်းအမှတ်အဖြစ် လိုင်ဇာနှစ်ခြင်းခရစ်ယာန်အသင်းတော်ရှိ လူငယ်များအနေဖြင့် အောက်တိုဘာ ၁၀ ရက်နေ့က မြို့တွင်း သွားလာသူများကို နှာခေါင်းစည်းဝေမျှမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

လွန်ခဲ့သောနှစ်များမှာတော့ ဒေသတွင်း သာယာသန့်ရှင်းရေးအတွက် အမှိုက်ကောက်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် ယခုနှစ်ကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုတွေရှိကာ ဒေသခံများရဲ့ ကျန်းမာရေးကို အဓိကထား ကာကွယ်နိုင်ဖို့အတွက် အသိပညာပေးသောအနေဖြင့် လမ်းစုံလမ်းဂွ၊ ဈေးတွင်းနဲ့ ကျောင်းရှေ့များတွင် သွားလာနေသူများကို ပါးစပ်နှာခေါင်းစည်းများ မျှဝေခဲ့ကြတာဖြစ်ကြောင်း လူငယ်တာဝန်ခံ ဆရာလဖိုင်ဇော်ဒန်ကပြောပါတယ်။

“အရင်တုန်းကနဲ့တော့ မတူတော့ဘူးပေါ့ကွယ်၊ ယခုလို အရေးပါတဲ့အရာတွေ ဝေမျှခွင့်ရရှိတဲ့အတွက် ဝမ်းသာပီတိဖြစ်မိတာပေါ့ဗျာ၊ နှာခေါင်းစည်းမပါရင် သူတို့ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်တာကိုး ဒါ့ကြောင့် ဒီလိုလုပ်ဆောင်မှုတွေကို စိတ်ပါဝင်စားတယ်၊ အခြားသူများကို ကူညီနိုင်တော့လည်း ပျော်ရွှင်မိပါတယ်” လို့ ပါဝင်ကူညီခဲ့သူ မရန်ဇူလိုင်နူးအောင် ကပြောပါတယ်။

ယခင်နှစ်တွေတုန်းကလို လူငယ်များနေ့မှာ စုဝေးနိုင်မှုတွေ၊ အစီအစဉ်တွေကို ယခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုတွေ ရှိနေတာကြောင့် မပြုလုပ်နိုင်တော့ပါဘူး။

Leave a Reply

*