လိုင်ဇာမြို့ရှိ ကိုဗစ်-၁၉ သံသယာလူနာ ရောဂါပိုးမရှိ

ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အမှတ်စဉ် (၈၈၁၂) နဲ့ ခရီးအတူသွားခဲ့တဲ့ လိုင်ဇာမြို့တွင်ရောက်ရှိနေတဲ့ ကိုဗစ်-၁၉ ရောဂါ သံသယလူနာမှာ ကိုဗစ်-၁၉ ရောဂါမရှိကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့  စက်တင်ဘာ ၃၀ ရက်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

သံသယလူနာနဲ့ ထိတွေ့မှုရှိသူ (၁၄) ဦးကိုလည်း စက်တင်ဘာ (၂၉) ရက်နေ့က နှာခေါင်းတို့ဖတ် ရယူစစ်ဆေးစဉ် ရောဂါပိုးတွေ့ရှိခြင်းမရှိကြောင်း ပါဝင်ပါတယ်။

ကချင်ပြည်နယ်မှာတော့ ရောဂါပိုးရှိသူတွေ ထပ်မံတွေ့ရှိနေရကာ စက်တင်ဘာ ၃၀ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၄၈) ဦးအထိ ရောက်ရှိခဲ့ကာ အများစုကတော့ ဖားကန့်မြို့တွင်ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိအချိန်ထိ ဆေးရုံဆင်းခွင့်ရသူ ၂ ဦးသာရှိနေသေးတာပါ။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ယခင်ထက်ပိုမိုဂရုတစိုက်လုပ်ဆောင် လိုက်နာကြဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေး ဗဟိုကော်မတီက သတိပေးထားကာ ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းကို ဝင်ရောက်မည့်သူမှန်သမျှ ကျန်းမာရေးစောင့်ကြည့်ခြင်းကို ခံယူရမှာဖြစ်ကာ လက်ရှိမှာတော့ စောင့်ကြည့်ခံသူ (၂၀၀) ရှိနေပြီ ဖြစ်ပါတယ်။

Leave a Reply

*