လိုင်ဇာမြို့တွင်းရှိ စာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြတဲ့ ကျောင်းဆရာများကို ဒီဇင်ဘာ ၂ ရက်နဲ့ ၃ ရက်တွင်း ကေအိုင်အိုအစိုးရရဲ့ အထွေထွေအုပ်ချုပ်ရေးဆိုင်ရာ ရှင်းလင်းပြောပြခြင်းကို ပြုလုပ်ခဲ့ပါတယ်။

ဒီဟောပြောပွဲကိုတော့ လိုင်ဇာမြို့ရှိ ပါတီကော်မတီက ဦးဆောင်တာဖြစ်ပြီး ကချင်တော်လှန်ရေး ကောင်စီ ဒုတိယ ဥက္ကဌ (၁) ဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့ ဒုတိယ အထွေထွေ အတွင်းရေးမှုး ဦးလဘန်ဒွဲပီဆတို့က အထွေထွေအုပ်ချုပ်ရေးဆိုင်ရာများကို အမြင်ဖွင့်စောပြောခဲ့ကာ အပြန်အလှန်မေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
အနာဂတ်မျိုးဆက်သစ်တွေအနေဖြင့် အထွေထွေအုပ်ချုပ်ရေးပိုင်းဆိုင်ရာများကို ပိုမိုသိရှိနားလည်လာပြီး စာသင်ကျောင်းများတွင် သင်ကြားပို့ချနေတဲ့ ကျောင်းဆရာများက စတင်နားလည်မှသာလျှင် မိမိရဲ့ကျောင်းသားများကို ပြန်လည်သင်ကြားပေးနိုင်မှာဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်ခိုင်မာလာမည့် မျိုးဆက်သစ်များဖြစ်လာမှာဖြစ်တယ်လို့ လိုင်ဇာမြို့ ပါတီကော်မတီ ဥက္ကဌ၊ မြို့တော်ဝန် ဦးဝါလာဂွမ်ဂျာဒူ ကပြောပါတယ်။
လိုင်ဇာမြို့ရှိ ကျောင်းများဖြစ်ကြတဲ့ မုံလိုင်ခက်၊ ဝှေကြိုင်စစ်ဘေးရှောင် မူလတန်းကျောင်း၊ ဆမားဒေသသာသနာ အထက်တန်းကျောင်း၊ လိုင်ဇာအထက်တန်းကျောင်းနဲ့ အလယ်တန်းကျောင်းများရှိ ကျောင်းဆရာ ၁၁၉ ဦးပါဝင်ခဲ့ပြီး အဖွဲ့ နှစ်ဖွဲခွဲကာ ကျင်းပခဲ့ကြတာပါ။
ယခုလိုအထွေထွေအုပ်ချုပ်ရေးဆိုင်ရာအမြင်ဖွင့်ပို့ချခြင်းကို ဒီနှစ်အတွက် ပထမဦးဆုံး လုပ်ဆောင်ခြင်းဖြစ်ကာ စာသင်ကျောင်းများအပြင် ဒေသအသီးသီးရှိလူငယ်များကိုလည်း ပို့ချပေးသွားဖို့ရှိနေပါတယ်။