လိုင်ဇာမြို့တွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကျင်းပ

မတ်လ (၈) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် လိုင်ဇာမြို့တွင် အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဦးဆောင်ကျင်းပခဲ့ပါတယ်။

ကမ္ဘာတဝှမ်းရှိ အမျိုးသမီးထုဟာ ဖိနှိပ်မှုပုံစုမျိုးစုံဖြင့် ခံစားနေကြရတာဖြစ်ပြီး လူသားအားလုံးတန်းတူရရှိရမည့် အခွင့်အရေးများကိုလည်း မရရှိပဲ ခေတ်အဆက်ဆက်ဖိနှိပ်မှုဖြင့်သာ အသက်ရှင်နေရတဲ့ လူတန်းစားတဖွယ်ဖြစ်ခဲ့ရတာကြောင့် အမျိုးသားနည်းတူ အခွင့်အရေးတန်းတူရရှိဖို့ ကြိုးစားအားထုတ်နေကြတာဖြစ်ပါတယ်။

“ယခင်ကတည်းက ကချင်အမျိုးသမီးတွေအပြင် ကမ္ဘာတဝှမ်းက အမျိုးသမီးများအားလုံးကို ဖိနှိပ်ထားမှုက အများအပြားခံစားခဲ့ရသလို အခုချိန်မှာတော့ အမျိုးသားများနဲ့တန်းတူ အလုပ်လုပ်နိုင်တဲ့ အမျိုးသမီးတွေများစွာရှိနေပြီဖြစ်တာကြောင့် နေရာတိုင်းမှာ နေရာမပေးပဲဖိနှိပ်ထားမှုတွေက လက်ရှိအချိန်ထိ ရှိနေသေးတာကြောင့် အမျိုးသမီးများအနေဖြင့် ရသင့်ရထိုက်တဲ့အခွင့်အရေးကို ရရှိဖို့ ကျမတို့ ကချင်အမျိုးသမီးများကလည်း အတူတကွကြိုးစားသွားဖို့ ရည်ရွယ်ပါတယ်” လို့ အမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဌ ခန်းဒါ့ရွယ်နန် ကပြောပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို လိုင်ဇာမြို့ရှိ အမျိုးသမီးများ၊ ဌာနချုပ်နဲ့ဒေသအသီးသီးမှ အမျိုးသမိးကိုယ်စားလှယ်များတက်ရောက်ခဲ့ကာ ၁၉၀၈ ခုနှစ်ကစတင်ခဲ့တဲ့ ဒီအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့က နှစ်ပေါင်း ၁၁၀ တိုင်ရှိခဲ့ပြီဖြစ်ပါတယ်။

Leave a Reply

*