လိုင်ဇာမြို့တွင် နှစ်၆၀ ပြည့် တော်လှန်ရေးနေ့အခမ်းအနားပြုလုပ်

ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ဖေဖော်ဝါရီ ၅ ရက်နေ့ကျရောက်တဲ့ နှစ် ၆၀ ပြည့် တော်လှန်ရေးနေ့အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

Photo: Wunpawng Mungdan

မနက် ၆ နာရီအချိန်မှာတော့ ဂုဏ်ပြစစ်သည်များနဲ့အတူ သံစုံတီးဝိုင်းများဖြင့် ကချင်လူမျိုးများရဲ့ အလံကိုလွင့်တင်ပြီး အခမ်းအနားကို အစပြုခဲ့ပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး အင်ဘန်လ လာရောက်ချိန်မှာတော့ ဂုဏ်ပြုစစ်သည်များနဲ့ သုံစုံတီးဝိုင်းအဖွဲ့များက ကြိုဆိုခဲ့ကြကာ ကောင်စီဥက္ကဌအနေဖြင့် နှစ် ၆၀ ပြည် တော်လှန်ရေးနေ့မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။

အမိနိုင်ငံတော် ပြန်လည်ရရှိရေးအတွင် နှစ်ပေါင်း ၆၀ အတွင်း တော်လှန်ရေးလုပ်ငန်းကို လုပ်ကိုင်ရင်း အသက်ပေးဆပ်လိုက်တဲ့ စစ်သည်တော် ညီအစ်ကိုများ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပေးဆပ်လိုက်ရတဲ့ ညီအစ်ကိုများနဲ့ အများပြည်သူများကို လေးစာဂုဏ်ပြုကြောင်း လက်ရှိ ကေအိုင်အိုရဲ့ အုပ်ချုပ်ရေးလမ်းစဉ်တွင် အမှားအယွင်းမရှိ ပုံဖော်နေကြဖြစ်ကြောင်း ကတိပြု မိန့်ခွန်းပြောကြားခဲ့ပါတယ်။

လက်ရှိသွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းကို ပြည်သူများအနေဖြင့် စိတ်ဓာတ်ကျဆင်းခြင်းမရှိ၊ အားမရခြင်းများလည်းရှိနိုင်ပြီး တော်လှန်ရေးလုပ်ဆောင်ခြင်းက နာမည်ကြီးဖို့မဟုတ်ပဲ ပန်းတိုင်မပျောက်ပဲ တိုးတက်ဖြစ်တည်လာဖို့ မှန်ကန်တဲ့နည်းလမ်းများဖြင့် တစ်လှမ်းခြင်းတက်လှမ်းရဖို့ အရေးကြီးကာ ပြည်သူများသိအပ်တဲ့လုပ်ငန်းဆောင်တာများကိုလည်း ယနေ့တွင် ထည့်သွင်းပြောကြားခဲ့ပြီးဖြစ်သလို ယခင်ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ပန်းတိုင်ရောက်ရှိလျှောက်လမ်းနေကြောင်း ပြောဆိုခဲ့ပါတယ်။

ယခုနှစ်တော်လှန်းရေးနေ့အခမ်းအနားမှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ဌာနအသီးသီးနဲ့ အများပြည်သူများဖြင့် စည်ကားတိုက်မြိုက်စွာမပြုလုပ်နိုင်ပေမယ့် ဌာနအသီးသီးက တာဝန်ရှိသူများနဲ့ ကိုယ်စားလှယ်တော်များ တက်ရောက်ပါဝင်ခဲ့ကြပါတယ်။

Leave a Reply

*