လိုင်ဇာမြို့တွင် ကိုဗစ်ကူးစက်ခံထားရသူ ၂၆၀၀ ထိကျော်ရှိလာ

ကေအိုင်အို ထိန်းချုပ်နယ်မြေ လိုင်ဇာဒေသတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ရှာဖွေတွေ့ရှိမှု နေ့စဉ်နေ့တိုင်း တိုးများနေကာ ကုသရေးစင်တာနဲ့ မိမိနေအိမ်တွင် ကျန်းမာရေးကုသခံယူနေကြသူ ၂၆၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။

ကိုဗစ်ပိုးကူစက်ခံရမှုတွေက ဆက်လက်ရှိနေဆဲဖြစ်တာကြောင့် မုန်လိုင်ခက် ကိုဗစ်ကုသရေးစင်တာတွင် ရောဂါပြင်းထန်သူများကိုသာ သီးသန့်လက်ခံပြီး ဆေးဝါးကုသမှုပေးအပ်နေကြောင်း စင်တာ တာဝန်ရှိသူထံမှ သိရပါတယ်။

ယခင်အချိန်များက အဆိုပါစင်တာတွင် ကိုဗစ်ကူးစက်ခံထားရသူတိုင်းကို ကျန်းမာရေးစောင့်ကြည့် ကုသပေးနိုင်ပေမယ့် လက်ရှိတွင် လိုင်ဇာမြို့တွင်း နိုဝင်ဘာလက စတင်ပြီး ကိုဗစ်ကူးစက်ပျံ့နှံမှု ဆိုးရွားလာခြင်းကြောင့် ရောဂါအခံရှိသူ၊ ကိုဗစ်ရောဂါပြင်းထန်သူများကိုသာ လက်ခံပြီး ကုသပေးနိုင်တော့ကြောင့် စင်တာ တာဝန်ခံ ဒေါက်တာအောင်ဂမ် ကပြောပါတယ်။

လိုင်ဇာမြို့တဝိုက်တွင် ကိုဗစ်ပိုးကူစက်ခံထားရသူများကို စင်တာ ၉ ခုဖွင့်လှစ်ပြီး ဆေးဝါးကုသ စောင့်ကြည့်မှုတွေ လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။ လက်ရှိအချိန်တွင် မုန်လိုင်ခက် ကိုဗစ်ကုသရေးစင်တာတွင် ဆေးဝါးကုသခံယူနေသူ ၆၉ ဦးရှိကာ အောက်ဆီဂျင် ပုံမှန်ပေးပြီး ကုသမှုခံယူနေရသူကတော့ ၆ ဦးရှိကြောင်း သိရပါတယ်။

Leave a Reply

*