လိုင်ဇာမြို့တွင်း ယဉ်မောင်းနှင်ခွင့်လိုင်စင်ထုတ်ပေးနေ

လိုင်ဇာမြို့တွင် နေထိုင်ကြတဲ့ အများပြည်သူများကို ယဉ်မောင်းနှင်ခွင့်လက်မှတ်နဲ့ ယဉ်လိုင်စင်များကို စက်တင်ဘာလ တစ်လလုံး လိုင်ဇာမြို့အုပ်ချုပ်ရေးရုံးကနေ လုပ်ဆောင်ပေးနေပါတယ်။

ယဉ်မောင်းသူများအတွက် လိုင်စင်လုပ်ဆောင်ပေးခြင်းက အစိုးရရဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တာနဲ့အညီ မောင်းနှင်သူများအနေဖြင့်လည်း စည်းကမ်းတကျလိုက်နာဆောင်ရွက်တတ်ဖို့နဲ့ လုံခြုံစိတ်ချစွာသွားလာနိုင်ကြဖို့ လုပ်ဆောင်ပေးခြင်းဖြစ်တယ်လို့ လိုင်ဇာမြို့အုပ်ချုပ်ရေးမှူး ဦးဝါလာ ဂွမ်ဂျာဒူ ကပြောပါတယ်။

“ကေအိုင်အိုအစိုးရထိန်းချုပ်နယ်မြေအတွင်းနေထိုင်တဲ့ အများပြည်သူများ၊ ယဉ်မောင်းသူများ လုံခြုံမှုရှိရှိ စည်းကမ်းတကျမောင်းနှင်နိုင်ဖို့ ဖြစ်ပါတယ်” လို့ပြောပါတယ်။

ယဉ်မောင်းနှင်ခွင့်လက်မှတ်နဲ့ ယဉ်လိုင်ဇင်ကို ဩဂုတ်လ ၂၉ ရက်နေ့ကစတင်ကာ စက်တင်ဘာလ ၂၉ ရက်နေ့အထိ လုပ်ဆောင်ပေးသွားမှာဖြစ်ပြီး စစ်ဆေးမှုတွေပြုလုပ်လာစဉ် လိုင်စင်တွေ့ရှိခြင်းမရှိပါက သတ်မှတ်ထားတဲ့ ဥပဒေများဖြင့် အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပြင်ပမှရောက်ရှိလာတဲ့ ဧည့်သည်များအနေဖြင့် မြန်မာအစိုးရ သို့မဟုတ် တရုတ်အစိုးရက လုပ်ဆောင်ပေးထားတဲ့ ယဉ်မောင်းလိုင်စင်ရရှိသော်လည်း ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်း မောင်းနှင်မည်ဆိုပါက ထပ်မံလုပ်ဆောင်ရမှာဖြစ်ပါတယ်။

Leave a Reply

*