လိုင်ဇာမြို့တွင်းရှိဆိုင်များ ကျန်းမာရေးနဲ့ညီညွတ်ခြင်းရှိမရှိစစ်ဆေး

လိုင်ဇာမြို့တွင်းရှိ စားသောက်ဆိုင်များ၊ ဆေးဆိုင်များနဲ့ အလှပြင်ဆိုင်များတွင် ကျန်းမာရေးလမ်းညွန်ချက်နဲ့ကိုက်ညီခြင်းရှိမရှိကို ဒီဇင်ဘာ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေက စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။

မြို့နယ်ကျန်းမာရေးဌာနအနေဖြင့်  သက်တမ်းကုန်ဆုံးအစားအသောက်နဲ့ ဆေးဝါးများကို ဈေးကွက်တွင်းမရောင်းချနိုင်ရေး ကြပ်မတ်လုပ်ဆောင်နေပေမယ့် ကုန်သည်တွေကိုယ်တိုင်က စီစစ်ခြင်းမရှိပဲ ရောင်းဝယ်မှုတွေပြုလုပ်နေတာတွေကို တွေ့ရှိနေရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေကပြောပါတယ်။

ကုန်သည်များအနေဖြင့် မိမိရောင်းချမည့် ကုန်ပစ္စည်းများကို သက်တမ်းကုန်ဆုံးခြင်းရှိမရှိ၊ သတ်မှတ်ပေးထားမှုရှိမရှိကို သေချာစွာစစ်ဆေးပြီးရောင်းချဖို့လိုအပ်ကာ ကုန်ဆုံးသောအစားအသောက်များကိုလည်း အမြဲတမ်းဖယ်ရှားမှုတွေလုပ်ဆောင်မှသာ ပြည်သူ့ကျန်းမာရေးကောင်းမွန်လာမှာဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း သေချာစွာစီစစ်ပြီးဝယ်ယူသုံးဆောင်ကြဖို့ လိုင်ဇာမြို့ကျန်းမာရေးဌာနမှ ဒေါက်တာမရစ်လဒင် ကပြောပါတယ်။

ယခင်နှစ်များတွင် သက်တမ်းကုန်အစားအသောက်များ၊ ဆေးဝါးများ ရောင်းချသူများကို ကုန်ပစ္စည်းတန်ဖိုး သုံးဆပေးလျော်စေမှုတွေလုပ်ဆောင်ခဲ့ပေမယ့် ယခုအချိန်မှာက စီးပွားရေးကြပ်တည်းမှုတွေ ရှိတာကြောင့် ပညာပေးခြင်းများကိုသာ လုပ်ဆောင်ခဲ့ကြပါတယ်။

Leave a Reply

*