လိုင်ဇာမြို့ဈေးကို ပုံမှန်အတိုင်း အချိန်ပြည့်ဖွင့်ပြီ

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် နှစ်လသာမျှ ပိတ်ထားခဲ့ရတဲ့ လိုင်ဇာမြို့ ဈေးကြီးကို ဇူလိုင် ၁၀ ရက် နောက်ပိုင်းကစပြီး အချိန်ပြည့် ဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။ လက်ရှိတွင် လိုင်ဇာမြို့နှင့် အနီးတဝိုက်ဒေသများတွက် ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ့ရှိရခြင်းမရှိတာကြောင့် ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်ကာ ဈေးသယ်များရဲ့ ရောင်းဝယ်ရေးအတွက် အချိန်ပြည့် ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ပါတယ်။

“အစတုန်းကတော့ မနက်ပိုင်းပဲ ဖွင့်ပြီး ညနေပိုင်းပိတ်တာ၊ အများပြည်သူကလည်း ကာကွယ်ရေးတွေ ပုံမှန်လုပ်ဆောင်နေတော့ ဒီဒေသက သိပ်စိုးရိမ်စရာအကြောင်းမရှိတော့ ဝမ်းရေးအတွက် အချိန်ပုံမှန်အတိုင်းပြန်ဖွင့်လှစ်ပေးလိုက်တာပေါ့” လို့ လိုင်ဇာမြို့နယ် စည်ပင်သာယာရေးတာဝန်ခံ ဦးအင်ခွန်လွမ်တူးက ပြောပါတယ်။

ဈေးလုံခြုံမှုအတွက် စည်ပင်သာယာရေးဌာနက ပါတီကော်မတီအုပ်ချုပ်ရေးကနေ ညွန်ကြားချက်အတိုင်း လုပ်ဆောင်နေခြင်းဖြစ်ကာ ဈေးသန့်ရှင်းသာယာလှပရေးအတွက် စည်ပင်သာယာဌာနက ဦးဆောင်ပြီး လုပ်ဆောင်ကာ ရောဂါကာကွယ်ရေးစည်းမျဉ်းစည်းကမ်းများကို အများပြည်သူလိုက်နာကျင့်သုံးဖို့ အသိပညာပေးမှုတွေလည်း စဉ်ဆက်မပြတ်လုပ်ဆောင်နေတာပါ။

Leave a Reply

*