မြန်မာနိုင်ငံတဝှမ်း ကိုဗစ်-၁၉ ရောဂါ လက္ခဏာအသစ်ဖြင့် ကူးစက်မှုများပြား ဆိုးရွာလာခြင်းကြောင့် ကေအိုင်အိုထိန်းချုပ်နယ်မြေထဲက လူဦးရေများပြားတဲ့ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့ကလည်း စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေတာကြောင့် သတိကြီးစွာကိုင်တွယ်နေကြောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

ကေအိုင်အိုထိန်းချုပ်နယ်မြေထဲကို အခြားဒေသကနေ ဝင်ရောက်လာသူများကို စစ်ရေးဂိတ်များတွင် သေချာစွာစီစစ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ရောဂါရှိသူတွေရှိထားတာကြောင့် လိုင်ဇာ-မိုင်ဂျာယန်လမ်းပိုင်း ဒွန်ဘုံးစစ်ဆေးရေးဂိတ်နဲ့ မိုင်ဂျာယန်မြို့အတွင်းရှိ စာသင်ကျောင်းများ၊ ဘုရားကျောင်းများကို ဇူလိုင် ၈ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ခတ္တပိတ်ထားမှာ ဖြစ်ခြင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီက ဆုံးဖြတ်ချက်ချမှတ်လိုက်ကာ လူစုလူဝေဖြစ်မှု အားလုံးကိုလည်း ရပ်နားရမှာဖြစ်ကြောင်း ပါရှိပါတယ်။
မိုင်ဂျာယန်မြို့တွင် ကေအိုင်အိုထိန်းချုပ်နယ်မြေပြင်ပကနေ ဝင်ရောက်ရှိလာသူ ကျန်းမာရေးစောင့်ကြည့်ခြင်းခံယူနေသူ ၂ ဦးတွင် ပိုးရှိမရှိစစ်ဆေးစဉ် ကိုဗစ်-၁၉ ရောဂါရှိကြောင်း တွေ့ရှိရသဖြင့် ကိုဗစ်စည်းကမ်းချက်များကို ယခုလို ပိုမိုချမှတ်လာရခြင်းဖြစ်ပါတယ်။