လိုင်ဇာနယ် ပါတီကော်မတီ စုံညီအစည်းအဝေး အဆုံးသတ်

၁၆ ကြိမ်မြောက် လိုင်ဇာနယ် ပါတီ ကော်မတီ စုံညီအစည်းအဝေးကို ဇူလိုင် ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ လိုင်ဇာမြို့ ပါတီကော်မတီရုံး ဝန်ဒန်ခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။ စည်းဝေးမှုမှာတော့ လိုင်ဇာနယ်ရှိ ပါတီဝင်တွေ၊ ဌာနအသီးသီးမှ တာဝန်ရှိသူတွေနဲ့ အကြံပေးတွေအပါအဝင် စုစုပေါင်း အယောက် ၃၀ ဝန်းကျင် တက်ရောက်ခဲ့ကာ ဗဟို ပါတီကော်မတီ အမြဲတမ်းအဖွဲ့ဝင် လရှီးလဆိုင်းမှ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်လုပ်ဆောင်သွားဖို့နဲ့ အနီးဝန်းကျင်ရှိ မိတ်ဆွေများနှင့် နားလည်မှုရှိရှိ အမျိုးသားရေးလုပ်ငန်းများကို အတူတကွလုပ်ဆောင်သွားကြဖို့ အဖွင့်မိန်းခွန်း ပြောကြားခဲ့ပါတယ်။

ပြည်သူကိုယ်စားတာဝန်ထမ်းဆောင်နေသူများဖြစ်တာကြောင့် ခက်ခဲမှုတွေနဲ့ ကြုံတွေ့လာရင်လည်း အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဆုံးဖြတ်ထားပြီဖြစ်တဲ့ လုပ်ငန်းများကို မိမိနိုင်ငံတော်အတွက် ကြိုးစားလုပ်ဆောင်ကာ ကိုယ့်ဌာနတွင် အကောင်အထည်ဖော်လုပ်ဆောင်သွားကြဖို့ လိုင်ဇာနယ် ပါတီကော်မတီ တွဲဖက်ဥက္ကဋ္ဌ ဂေါ်ဂျယ် ယော်ဆန့် ကပြောပါတယ်။ ယခုလို စုံညီစည်းဝေးလုပ်ဆောင်ခြင်းက ပါတီတွင်း လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာများကို ရှေ့ဆက်တိုးလုပ်ဆောင်နိုင်ဖို့နဲ့ တစ်နှစ်ပတ်လုံးလုပ်ဆောင်ခဲ့သော စီမံချက်များကို ရှုထောင့်ပေါင်းစုံ ဌာနပေါင်းစုံကနေ ဆွေးနွေးတိုင်ပင်ခြင်းလည်း ဖြစ်ပါတယ်။

Leave a Reply

*