ကေအိုင်အို ကျန်းမာရေးဝန်းကြီးဌာနမှ ဦးစီးဖွင့်လှစ် သင်ကြားပေးနေတဲ့ အမှတ်စဉ် (၉) သူနာပြု ဒီပလိုမာကျောင်းဆင်းပွဲကို အောက်တိုဘာ ၁၆ ရက် ယနေ့မနက်တွင် လိုင်ဇာမြို့ရှိ ဝန်ဂျက်ခန်းမတွင် ပြုလုပ်ခဲ့ပါတယ်။

ကျောင်းဆင်းပွဲ အခမ်းအနားတွင် ကချင်လွတ်လပ်ရေးကောင်စီ အတွင်းရေးမှူးနဲ့အတူ သက်ဆိုင်သူများ တက်ရောက်ခဲ့ကာ ကိုဗစ်-၁၉ စည်းကမ်းနဲ့အတူ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ယနေ့ကျောင်းဆင်းသူ သူနာပြု အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၅၁ ဦး စုစုပေါင်း ၅၅ ဦး ဒီပလိုမာလက်မှတ်ရရှိခဲ့တာဖြစ်ပြီး ဆေးကျောင်းအုပ် ဗိုလ်မှူး ဆွမ်ဒူ ထုလွမ်မှ လက်မှတ်ပေးအပ်ခဲ့ကာ KIC အတွင်းရေးမှူး ဗိုလ်ချုပ်လဖိုင် ဇော်ရော် ကလည်း အမှာစကား ပြောဆိုခဲ့ပါတယ်။
“လူနာတိုင်းက ဆရာဝန်များကို အသက်ကယ် ကူညီပေးသူများဖြစ်ကြောင်း အင်မတန် ယုံကြည်ထားကြတာဖြစ်တယ်၊ ပြီးတော့ တော်လှန်ရေးကာလဖြစ်တာနဲ့အညီ တိုင်းပြည်နဲ့လူမျိုးအတွက် ကြိုးစားနေချိန် အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့ရမှာဖြစ်ပေမယ့် အားမလျော့ ကြိုးစားသွားကြရအောင်” လို့ မှာကြားခဲ့ပါတယ်။
အမှတ်စဉ် (၉) ြသူနာပြု ဒီပလိုမာအတန်းကို ၂၀၁၉ ခုနှစ် အောက်တိုဘာလက စတင်ပြီး ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ကာ ဆေးဝါးဆိုင်ရာ ပညာရပ်ကို အဓိကထားသင်ကြား ပို့ချပေးခဲ့တာဖြစ်ပြီး အခြားသော ပညာရပ်များကိုလည်း သင်ကြားပေးခဲ့သလို Midwife ဆေးကျောင်းနဲ့ ဒီပလိုမာအတန်းထိ အဆင့်မြင့်တင် သင်ကြားပေးအပ်သွားဖို့ ရှိနေပါတယ်။