လိုင်ဇာတွင် ရေကြီးရေလျှံပြီး နေအိမ်များပျက်စီး

လိုင်ဇာမြို့အနီးတဝိုက် မိုးရွာသွန်းမှု ဆိုးရွားစွာဖြစ်ပေါ်ပြီး တောင်ကျရေအလွန်များပြားကာ မြို့တွင်း ဝင်ရောက်လာတာကြောင့် ဩဂုတ်လ ၂၅ ရက်နေ့ မနက် ၉ နာရီခွဲကနေ ၁၁ နာရီအထိ ရေရဲ့တိုက်စားခြင်းကို နေအိမ်အချို့ ကြုံတွေ့ခဲ့ရကာ လမ်းအချို့လည်း မြေပြိုမှုများကြောင့် ပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

လိုင်ဇာမြို့ ဝှေကြိုင်ရပ်ကွက်ပိုင်းတွင် မြေပြိုပြီး လမ်းပိတ်ဆို့သွားခဲ့ကာ နေအိမ်ပျက်စီးမှုမရှိပေမယ့် လိုင်ဇာမြို့လယ်ရှိ လမ်း ၄ ခုမှာလည်း မြေပြိုခဲ့ပြီး အခြားနေရာတစ်ခုမှာတော့ စားသောက်ခန်း ၅ ခုထက်မနည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကာ ဆိုင်ကယ်တစ်စီးကတော့ ရေစီးနဲ့အတူ မျောပါသွားခဲ့ရသလို ကြက်ခြံနဲ့ ဝက်ခြံအချို့လည်း ရေးစီးပြင်းအားကြောင့် ပျက်စီးထိခိုက်မှုရှိခဲ့ကြောင်း မြို့တော်အုပ်ချုပ်ရေးရုံးမှ သိရပါတယ်။

ရေကြီး မြေပြိုမှုကြောင့် ပိတ်ဆို့သွားခဲ့ရတဲ့ လမ်းများကိုတော့ မိုးရွာသွန်းမှုအပြီး မြို့တော် အုပ်ချုပ်ရေးရုံးမှ ရှင်းလင်းဖယ်ရှားခြင်းတွေလုပ်ဆောင်ခဲ့ကာ ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကိုလည်း စာရင်းကောက်နေကြောင်း သိရပါတယ်။

ဩဂုတ်လလယ်ပိုင်းကစတင်ပြီး လိုင်ဇာမြို့နဲ့ နယ်စပ်တလျှောက်ရှိ စစ်ဘေးရှောင်စခန်းများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီး မြေပြိုမှုတွေကို ခံစားခဲ့ရကာ ဩဂုတ်လ ၂၃ ရက်နေ့မှာလည်း ဂျဲယာန်စစ်ဘေးရှောင်စခန်းရှိ နေအိမ်အချို့ထိခိုက်ဆုံးရှုံးခဲ့ရပြီး ဩဂုတ်လ ၁၂ ရက်နေ့မှာတော့ ရေကြီး မြေပြိုပြီး စစ်ဘေးရှောင်ပြည်သူတစ်ဦး အသက်ဆုံးရှုံးခဲ့ရမှုဖြစ်စဉ် မဂါးယန်စစ်ဘေးရှောင်စခန်းတွင်ဖြစ်ပွားခဲ့မှုပါတယ်။

Leave a Reply

*