ရှမ်းပြည်နယ် လားရှိုး-မူဆယ်လမ်း ရှု့ခင်းသာကုန်းတွင် ဩဂုတ်လ ၁၅ ရက်နေ့ မနက် ၂ နာရီ ၄၅ မိနစ်ခန့်တွင် စစ်အင်အားဖြည့်တင်းလာတဲ့ အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း ၉ မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကား ၁၄ စီးဖြင့် စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာများသယ်ဆောင်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်တန်းကို ကေအိုင်အေဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်ခြင်းဖြစ်ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက စစ်ရေးလှုပ်ရှားမှုတွေ ထပ်တိုးလုပ်ဆောင်လာခြင်းကြောင့် တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပါတယ်။
ယနေ့ မနက် ၃ နာရီခန့်တွင်လည်း မုံကိုး- ဖောင်းဆိုင်ဒေသ နာဟက်ပါအနီးတွင် ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ကို ကိုးကန့်တပ်မတော် (MNDAA) မှ ခုခံတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။