လားရှိုးမြို့တွင် ဝါးဖြင့်အသုံးဆောင်ပစ္စည်းပြုလုပ်သော လက်မှုသင်ကြားပေး

ရှမ်းပြည်နယ် လားရှိုးမြို့တွင် Interfate Network အဖွဲ့မှဦးဆောင်ပြီး လူမျိုးမရွေးဘာသာမရွေး ဝါးလက်မှုသင်တန်းနဲ့ ဖိနပ်ချုပ်သင်တန်းကို ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ အခမဲ့သင်ပေးနေကြောင်း သိရှိရပါတယ်။

Covid-19 ကပ်ရောဂါကာလအတွင်း စားဝတ်နေရေးနဲ့ ကုန်သွယ်ရေးအားလုံးခက်ခဲနေသောကြောင့် မိမိဒေသတွေရှိသောဝါးပင်များကို တန်ဖိုးထားတက်စေရန်၊ ဝါးဖြင့်လက်မှုပညာအမျိုးမျိုးပြုလုပ်ပြီး အလုပ်အကိုင်ဝင်ငွေရရှိစေရန် သင်ကြားပေးခြင်းဖြစ်ကြောင်းသိရှိရပါတယ်။

“တချို့က ဝါးကနေ ခွက်တွေ လက်မှုထည်ပစ္စည်းတွေလုပ်ပြီးပြန်ရောင်းတဲ့အခါမှာ ဈေးကွက်ရလာပါတယ်၊ ဒါကြောင့်ဝင်ငွေရဖို့အနေနဲ့ ဒီပညာရပ်ကိုသင်ကြားပေးခြင်းဖြစ်ပါတယ်”လို့ ဆရာအားရှန်ဇောင်းကပြောပါတယ်။

ယခုလက်မှုပညာသင်တန်းတွင် ဝါးဖြစ်ပြုလုပ်၍ရသော ခွက်များ၊ မီးဖိုချောင်သုံးအိုးခွက်ပန်းကန်များ၊ ခြင်းတောင်းများ အစရှိတဲ့ လက်မှုပညာများကိုသင်ကြားပေးမည်ဖြစ်ပြီး လက်မှုပညာကိုအထူးစိတ်ဝင်စားသူများကို အဆင့်မြင့်ပညာရပ်များ တဆင့်ပြီးတဆင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

ဝါးဖြင့်ပြုလုပ်သော လက်မှုပညာသင်တန်းတွင် ကချင်လူမျိုးများသာမက အခြားတိုင်းရင်းသားများ လူဦးရေ ၃၀ နီးပါးလာ‌ရောက်သင်ခံယူနေကြပါတယ်။

Leave a Reply

*