အင်ဂျန်းယန်မြို့နယ် ဘွမ်ရာယန်ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ပြည်သူများက လမ်းခရီးကြမ်းတမ်းပြီး သွားလာရခက်ခဲတာကြောင့် ကူညီရေးပစ္စည်များကလည်း အချိန်မှီရောက်ရှိခြင်းမရှိကာ အခက်ကြုံနေကြရတယ်လို့ သိရပါတယ်။

ယခင်ကတော့ စားသောက်ကုန်ပစ္စည်းများကို ရေလမ်းနဲ့ ကားလမ်း နှစ်ခုစလုံးဖြင့် သယ်ယူပို့ဆောင်ပေမယ့် လက်ရှိမိုးတွင်းကာလဖြစ်လာတာကြောင့် ရေကြီးကြီးအပြင် နိုင်ငံရေးအခြေအနေ ရှုပ်ထွေးခြင်းများကြောင့် သွားလာရေး အလွန်ခက်ခဲခြင်းနဲ့ ကြုံတွေ့နေကြရပါတယ်။
“စက်လှေနဲ့ တက်မယ်ဆိုရင်လည်း တဝက်ပဲရတယ်၊ ကားလမ်းနဲ့ ပစ္စည်းသယ်မယ်ဆိုရင်လည်း ရေကြီးရင်မရပြန်ဘူး၊ ဒီအတောအတွင်း တိုက်ပွဲဖြစ်ပွားလာတာကြောင့်လည်း ဂွေထော့ဘက်ကနေ ကားလမ်းနဲ့ တက်လာဖို့ ခက်ခဲနေတော့ လိုအပ်တဲ့ပစ္စည်းတွေ သယ်ယူဖို့ အင်မတန်ခက်ခဲမှု ဖြစ်နေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဘွမ်ရာယန်ကျေးရွာက ဖုန်းဆက်သွယ်ရေးအခက်အခဲရှိတဲ့ ဒေသဖြစ်ကာ အကူအညီရေးအဖွဲ့များနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့လည်း မလွယ်ကူကာ မိုးတွင်းကာလာဖြစ်နေတာကြောင့် မိုးရွာသွန်းမှုများပြားပြီး စစ်ဘေးရှောင်စခန်းအတွင်း ရေကြီး ရေလျှံတဲ့အထိ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။