လက်ရှိပြည်တွင်းနိုင်ငံရေးအခြေအနေ သုံးသပ်မှုလုပ်ဆောင်

ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့ (SMJH) ဦးဆောင်ပြီး Padang Hkrunlam Majan Masing Woiawn Rung ခန်းမတွင် ဇွန်လ ၁၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ မြန်မာပြည်တွင်း ဖြစ်ပွားနေတဲ့ နိုင်ငံရေးလားရာနှင့်ဆိုင်ပြီး သုံးသပ်ခြင်း၊ အမြင်ရယူခြင်းများကို လုပ်ဆောင်ခဲ့ပါတယ်။ ဆွေးနွေးပွဲအတွင်း လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေကို ခန့်မှန်းသုံးသပ်ခြင်း၊ အကြံအဉာဏ်ရယူခြင်းအပြင် စစ်ဘေးရှောင်ပြည်သူများရဲ့အခြေအနေအရပ်ရပ်ကိုလည်း ဆွေးနွေးတိုင်ပင်ခဲ့ကြကာ တိုင်ပင်ဆွေးနွေးပြီးရရှိလာတဲ့ ရလဒ်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ကို တင်ပြသွားမှာဖြစ်ပါတယ်။ အခမ်းအနားမှာတော့ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့ (SMJH)၊ ဒေသအသီးသီးမှ ရပ်မိရပ်ဖတွေ၊ ကိုယ်စားလှယ်တော်တွေ၊ NGO အဖွဲ့တွေ၊ KHCC၊ IRRC နဲ့ CSO တွေ ပါဝင်ခဲ့ပါတယ်။

Leave a Reply

*