လက်နက်ခဲယမ်းပို့ဆောင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ကေအိုင်အေကြားဖြတ်တိုက်ခိုက်

မိုးညှင်းမြို့နယ် မော်ဟန်နဲ့ နန့်စီးအောင်ကြား ဇူလိုင် ၂၇ ရက်နေ့ မနက်ပိုင်းတွင် စစ်အင်အားတိုးမြင့်လာတဲ့ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) တပ်ရင်း (၃၅) မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်အဖွဲ့က စစ်ယာဉ်တန်း (၁၃) စီးဖြင့် စစ်အင်အား၊ လက်နက်အင်အားအပြည့်အစုံဖြင့် ကချင်ပြည်နယ်ဘက် စစ်အင်အားဖြည့်တင်းလာစဉ် ကေအိုင်အေဘက်မှ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မုံကိုးဒေသ နောင်ဖိုင်ကျေးရွာအထက်တွင် ဇူလိုင် ၂၈ ရက်နေ့ မနက် ၁၀ နာရီခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) ကို နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မုံကိုး-ဖောင်းဆိုင်းဒေသတွင် အာဏာသိမ်းစစ်တပ်အဖွဲ့က ထိုးစစ်ဆင်မှုကို ပြင်းပြင်းထန်ထန်ပြုလုပ်လာခြင်းကြောင့် ဇူလိုင် ၄ ရက်နေ့ကစတင်ပြီး ကိုးကန့်တပ်မတော်နဲ့ နေ့စဉ်နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး နှစ်ဖက်တပ်ဖွဲ့များမှ လက်နက်ကြီးပစ်ခတ်တဲ့အထိ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောဆိုကြပါတယ်။

Leave a Reply

*