ရှအစ်ယန် စစ်ဘေးရှောင်စခန်းရှိ လူငယ်ခေါင်းဆောင်များနဲ့ လူငယ်ကော်မတီဝင်မျာကို Kachin Development Group ( KDG)က ဦးဆောင်ပြီး ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ရက်တိုသင်တန်းပို့ချမှုကို နိုဝင်ဘာလ ၂၃နဲ့ ၂၄ရက် နှစ်ရက်တာ စခန်းကော်မတီရုံးအတွင်း သင်ကြားပေးခဲ့ပါတယ်။
ဒီရက်တိုသင်တန်းက လူငယ်များကို လက်တွေ့ ဦးဆောင်နေတဲ့ လူငယ်ခေါင်းဆောင်များကို အသင်းအဖွဲ့ ခေါင်းဆောင်ကောင်းအနေဖြင့် အဖွဲ့အစည်းကို မည်ကဲ့သို့ ဖွဲ့ရမည်ဖြစ်ကြောင် းသင်ကြားပေးခြင်းဖြစ်တယ်လို့ ရက်တိုသင်တန်းကိုဦးဆောင်တဲ့ KDG မှ Durable Peace Program Project Manager ဆရာ လမုန်ဘောက်ထွန်း ကပြောပါတယ်။
KDG အဖွဲ့အနေဖြင့် နယ်စပ်ဒေသလူငယ်ကော်မတီများနဲ့ တွေ့ဆုံဆွေးနွေးချိန် စစ်ဘေးရှောင်စခန်းများတွင် ယခုလို ရက်တိုသင်တန်းများ သင်ကြားပေးရန် တောင်းဆိုလာတာကြောင့် နယ်စပ်ဒေသလူငယ်များ အရာရာတိုင်းတွင် စည်းလုံးညီညွတ်ပြီး တိုးတက်လာစေရန် ရက်တိုသင်တန်းပို့ချခြင်းဖြစ်ကြောင်း ဆရာ လမုန် ဘောက်ထွန်း ကဆိုပါတယ်။
ဒီရက်တိုသင်တန်းကို လွန်ခဲ့တဲ့အပတ်တွင် မဂါးရန်စစ်ဘေးရှောင်စခန်းရှိ လူငယ်ခေါင်းဆောင်များကို သင်ကြားပေးခဲ့ပြီး လူငယ် ၁၀ ယောက်ကျော် တက်ရောက်ခဲ့ကြောင်း၊ ဆက်လက်ပြီးရက်တိုသင်တန်းများကို စစ်ဘေးရှောင်စခန်းများတွင် သွားရောက်ပို့ချမည့် အစီစဉ်များရှိကြောင် းသိရှိရပါတယ်။