ရှအစ်ယန်စစ်ဘေးရှောင်ပြည်သူများ စားဝတ်နေရေးအလွန်ခက်ခဲနေ

ရှအစ်ယန်စစ်ဘေးရှောင်စခန်းအတွင်းရှိ ပြည်သူများ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်ကိုင်ရရှိဖို့ အလွန်ခက်ခဲလာကြောင်း စခန်းကော်မတီဖွဲ့ဝင်များမှ သိရှိရပါတယ်။

ဓာတ်ပုံ – Concern, Care and Contribute to the IDPs NOW

လွန်ခဲ့သောနှစ်များတွင် စခန်းတွင်းရှိ အမျိုးသမီးများကစခန်းတွင်ဝ က်မွေးမြူရေးများပြုလုပ်ပြီး အမျိုးသားများက တရုတ်ပြည်ဘက်ကို အလုပ်သွားလုပ်ခြင်း၊ ဘေးပတ်ဝန်းကျင်ရွာများတွင် နေ့စားအလုပ်လုပ်ခြင်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့သော်လည်း ယခုအခါ Covid-19 ကပ်ရောဂါကာလ ကြာမြင့်လာပြီး ပြင်ပဘက် အလုပ်ထွက်လုပ်ရန်မရနိုင်သောကြောင့် စစ်ဘေးရှောင်ပြည်သူများ ခက်ခဲဒုက္ခရောက်နေပါတယ်။

” အရင်နှစ်တွေကတော့အ ပြင်မှာအလုပ်ထွက်လုပ်ရတော့ အရမ်းကြီးခက်ခဲတယ်ဆိုတာမရှိပါဘူး၊  ဒီနှစ်ကတော့ ဘာကိုမှလုပ်ကိုင်လို့ကိုမရတာပါ၊  အလုပ်အကိုင်ကလည်းမရှိ၊  အရင်တုန်းက Shau Gaw သွားရင် တရုတ်‌ငွေ 70- 80 ရပေမဲ့ အခုတော့ 40 လောက်ဘဲပေးတော့တယ်။ အလုပ်အကိုင်မရှိတော့ ကျနော်တို့အရမ်းခက်ခဲနေပါတယ်”  လို့ ရှအစ်ယန်စစ်ဘေးရှောင်စခန်း တာဝန်ခံ  ဆရာကျင်းယူးဇောင်ရှန် ကပြောပါတယ်။

ရှအစ်ယန် စစ်ပြေးရှောင်စခန်းတွင် အိမ်ခြေ ၃၉၈ အခြေချနေထိုင်နေကြပြီး စခန်းအတွင်း Covid-19  ကပ်ရောဂါကာလတွင် သွားရေးလာရေးခက်ခဲနေပြီး စစ်ဘေးရှောင်ကူညီမှုအသင်းအဖွဲ့က ပေးတဲ့ ဆန်ရိက္ခာများသယ်ယူပို့ဆောင်ရန် ခက်ခဲနေသောကြောင့်လဲ စခန်းအတွင်း ရိက္ခာပြတ်လတ်မှုများကြုံတွေ့နေရကြောင်း သိရှိရပါတယ်။

Leave a Reply

*