ကျောင်းသား ၁၁၈ ဦးဖြင့် စာသင်ကြားနေပြီဖြစ်တဲ့ ရှအစ်ယန်စစ်ဘေးရှောင်စခန်းရှိ မူလတန်းကျောင်းကို ဇူလိုင် ၁၆ ရက်နေ့က ကျောင်းဖွင့်လှစ်လိုက်ခြင်းဖြစ်ပါတယ်။
ဗဟိုပညာရေးဌာနက ညွန်ကြားထားတဲ့အတိုင်း ကျောင်းခန်းတွင်း ကျောင်းသားတစ်ဦးနဲ့တစ်ဦး သုံးပေ အကွာဖြင့်လုပ်ဆောင်နေပေမယ့် အခန်းလုံလောက်မှုမရှိတာကြောင့် ၂ ပေသာကွာထားနိုင်ကာ တစ်ခန်းကို ၁၅ ဦးဖြင့် စတင်သင်ကြားနေပြီ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ကျောင်းခန်းထပ်တိုးနိုင်ဖို့နဲ့ ကျောင်းသားများအတွက် ကျောင်းသုံး ကရိယာများလည်း အရေးတကြီးလိုအပ်နေတယ်လို့ ကျောင်းအုပ် ဖရဲ့ဘော့မ်လောင်မ့်က ပြောပါတယ်။ ကျောင်းသားမျာ ကျောင်းဝင်းမဝင်ခင် လက်ဆေးကြောခြင်းများပြုလုပ်နိုင်ဖို့ နေရာတွေစီစဉ်ထားရှိပေးကာ ကိုယ်အပူချိန်တိုင်းတာခြင်းများကိုလည်း ပြုလုပ်ပေးနေပါတယ်။
ဇူလိုင် ၁၆ နဲ့ ၁၇ ရက်နေ့ကို တနေ့လုံး စာသင်ကြားဖို့ ညွန်ကြားထားပေမယ့် ကလေးများရဲ့ အခြေအနေပေါ်မူတည်ပြီး တစ်ပတ် ရက်ဘယ်လောက်ဖွင့်လှစ်သင်ကြားသွားမည်ကို သတ်မှတ်သွားမည်ဖြစ်ကာ အလယ်တန်းကိုတော့ ဇူလိုင် ၂၀ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ကျောင်းအုပ်ကြီးက အခုလိုပြောပါတယ်။