ရှအစ်ယန်စစ်ဘေးရှောင်စခန်းတွင် အစားအသောက်လိုအပ်မှုဖြစ်နေပြီ

တရုတ်-မြန်မာနယ်စပ်ဒေသမှာရှိတဲ့ ရှအစ်ယန်စစ်ဘေးရှောင်စခန်းတွင် လက်ရှိမှာတော့ အစားအသောက်အခက်အခဲဖြစ်လာတာကြောင့် လိုအပ်ချက်ရှိနေပြီလို့ စခန်းတာဝန်ရှိသူကပြောပါတယ်။

ဒီစစ်ဘေးရှောင်စခန်းအတွက် အစားအသောက် အဓိကကူညီပံ့ပိုးပေးနေတာက KBC/HDD စစ်ဘေးရှောင်ကူညီရေးအဖွဲ့နေတာဖြစ်ပေမယ့် လက်ရှိနိုင်ငံရေးအကြပ်အတည်းကြောင့် ကူညီရေးအဖွဲ့များဖြင့် လုပ်ငန်းဆောင်တာများမလုပ်ဆောင်နိုင်မှုရှိခြင်းကြောင့် အချိန်မှီမရောက်ရှိတော့ပဲ စစ်ရှောင်စခန်းမှာ ဝမ်းရေးအတွက်အခက်ကြုံနေကြရပါပြီ။

“ကူညီပေးတဲ့အစားအသောက်တွေ အလျှင်အမြန်မရောက်တော့ အခက်တွေ့နေတယ်၊ စခန်းကော်မတီအနေဖြင့်လည်း ဆန်ကကျတော်တို့ဆီမှာရှိမနေတော့ မကူညီနိုင်ဘူးဖြစ်နေတယ်၊ မဖြေရှင်းနိုင်သေးဘူးဖြစ်နေတာပေါ့၊ စစ်ရှောင်အချင်းချင်းပဲ ချေးငှားပြီးစားသောက်နေကြရတယ်၊ လိုင်ဇာဘက်မှာ သွားဝယ်ရတာတွေတော့ရှိတယ်” လို့ စစ်ဘေးရှောင်းစခန်းတာဝန်ခံကပြောပါတယ်။

စစ်ရှောင်စခန်းကော်မတီအနေဖြင့် လက်ရှိဖြစ်ပွားနေတဲ့ ဝမ်းရေးပြဿနာကို ဖြေရှင်းနိုင်ဖို့ အခက်ကြုံနေကြရသလို တဖက်တွင်လည်း အာဏာသိမ်းမှုဖြစ်ရပ်ကြောင့် အကူအညီပေးထောက်ပံ့နေတဲ့အဖွဲ့များမှာလည်း အခက်တွေ့နေရခြင်းကို စစ်ဘေးရှောင်ပြည်သူများ သဘောပေါက်နားလည်ပေးကြဖို့ ပြောဆိုရှင်းပြထားကြောင်း စခန်းတာဝန်ရှိသူဖြစ်တဲ့ Chyin Yu Zau ကပြောပါတယ်။

လက်ရှိအချိန်မှာ ဆန်နဲ့အခြားသောစားသေက်ကုန်များ အကူအညီလိုအပ်နေကြတာက ရှအစ်ယန်စစ်ဘေးရှောင်စခန်းအပြင် အနီးဝန်းကျင်မှာရှိတဲ့ ပါဂျောင်စစ်ဘေးရှောင်စခန်း၊ မဂါ့ယန်စစ်ဘေးရှောင်စခန်းတို့ကလည်း လိုအပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

*