မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကို သွယ်တန်းမယ့် ရထားလမ်းစီမံကိန်းကို ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ဘက်ခြမ်းကနေ ဆက်သွယ်လုပ်ဆောင်မည့် စီမံကိန်းကို ဒေသခံများက မလိုလားသလို ကန့်ကွက်မှုတွေ ရှိနေပါတယ်။
ရထားလမ်းဖောက်လုပ်ရာတွင် ရထားလမ်းတဝိုက် ဖယ်ရှားပေးရမှုတွေရှိလာမှာ ဖြစ်တာကြောင့် ဒေသခံများက သူတို့ရဲ့ စိုက်ပျိုးမြေများ ထိခိုက်သွားမည်ကို စိုးရိမ်နေကြသလို ကွယ်ခိုင်ခရိုင်အတွင်း ရထားလမ်းဖြတ်သန်းမည့် ဒေသများကတော့ ခူကြည်ကျေးရွာ၊ နမ့်အွမ်ကျေးရွာ၊ နမ့်ဖတ်ကျေးရွာ၊ နာ့ဖိုင်နဲ့ ဇွပ်ရာကျေးရွာတို့တွင် ထိခိုက်မှုတွေ ရှိလာမှာဖြစ်တယ်လို့ ဒေသခံများက ပြောပါတယ်။
တရုတ်အစိုးရနဲ့ မြန်မာအစိုးရကြား ဒီအဆင့်မြင့်ရထားလမ်းစီမံကိန်းကို လွန်ခဲ့သောနှစ်က သဘောတူထားတာဖြစ်ပြီး လက်ရှိမှာတော့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။