ရှမ်းပြည်နယ် ကချင်နဲ့ တအာန်း ရိုးရာယဉ်ကျေးမှုအဖွဲ့တို့ ဆွေးနွေးပွဲလုပ်

ရှမ်းပြည်နယ် ကချင်ရိုးရာယဉ်ကျေးမှုကော်မတီနဲ့ တအာန်း ရိုးရာယဉ်ကျေးမှုအဖွဲ့တို့ ဩဂုတ်လ ၅ ရက်နေ့က ရှမ်းပြည်မနောကွင်းမှာ ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

တအာန်းညီအစ်ကိုများအနေဖြင့် ကချင်လူမျိုးများကို ညှင်းပန်းနှိပ်စက်ခြင်းပြုလုပ်ခဲ့တဲ့ဖြစ်ရပ်ကို ဆွေးနွေးခဲ့ကာ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာတွေ၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး၊ ရိုးရာယဉ်ကျေးမှုအဖွဲ့အချင်းချင်း အတူတကွလက်တွဲလုပ်ဆောင်သွားဖို့ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

“ဒီဆွေးနွေးမှုမှာကတော့ ဒေသတွင်း လိုအပ်တဲ့အရာတွေပြီးတော့ နမ့်ဖတ်ကာမှာဖြစ်ပွားခဲ့သလို ကွတ်ခိုင်မှာ လူသတ်မှုဖြစ်ပွားခဲ့တာတွေ စတဲ့အရာတွေကို ညီအစ်ကိုချင်း ဆွေးနွေးတိုင်ပင်တာဖြစ်ပါတယ်” လို့ ရှမ်းပြည်နယ် ကချင်ရိုးရာယဉ်ကျေးမှုကော်မတီ ဒုတိယတာဝန်ခံ လွမ်းညွယ် ကပြောပါတယ်။

ရိုးရာယဉ်ကျေးမှုအဖွဲ့မှာ လူမျိုးပေါင်းစုံအတူတကွ ဆုံဆည်းနိုင်တာကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်အဖွဲ့က ဘယ်ပါတီကို ရွေးချယ်သင့်တယ် ပယ်သင့်တယ်စတဲ့အကြောင်းအရာတွေ အဓိကထားပြောဆိုခြင်းမလုပ်ပဲ ကိုယ့်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သာ လုပ်ဆောင်သွားကြဖို့ဖြစ်ကာ ဆွေးနွေးမှုမှာတော့ ရိုးရာခေါင်းဆောင်နဲ့ပါဝင်သူတွေ အယောက် (၄၀) ကျော်လာရောက် ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

Leave a Reply

*