ရှမ်းပြည်နယ်ရှိလူငယ်များကို စီးပွားရေးဆိုင်ရာပို့ချပေး

ရှမ်းပြည်နယ် ကချင်ရိုးရာယဉ်ကျေးမှုအသင်း လူငယ်ဌာနက ဦးစီးပြီး လူငယ်နဲ့စီးပွားရေး သင်တန်းပို့ချမှုကို ကွတ်ခိုင်မြို့ ရှမ်းပြည်နယ် ကချင်စာပေနှင့်ယဉ်ကျေးမှုအသင်းရုံးဝင်းတွင် စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွင်ပြုလုပ်နေပါတယ်။

ဒေါက်တာမဂျီ ယော်ထုံမှ လူငယ်နဲ့ စီးပွားရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် သင်ကြားပို့ချခဲ့ခြင်းဖြစ်ကာ လက်တွေ့အကောင်အထည်ဖော်နေတဲ့ ဆရာမ ဂျန်မော် အက်စတာကနေပြီး မြေပြင်ကြုံတွေ့မှုကို မျှဝေခဲ့သလို မောင်ဒေါင်ဒီးကလည်း အတွေအကြုံရှင်းပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကချင်လူငယ်များ စီးပွားရေးအမြင်ကျယ်ပြန့်လာဖို့၊ စိတ်ကူးများကို လက်တွေ့အကောင်အထည်ဖော်တတ်ဖို့၊ လူငယ်များအနေဖြင့် ကိုယ်ပိုင်ရပ်တည်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ပေးခြင်းဖြစ်တယ်လို့ ရှမ်းပြည်နယ် ကချင်စာပေနှင့်ယဉ်ကျေးမှုအသင်း လူငယ်ခေါင်းဆောင် ဆရာဒေါင်ဇယ် ကပြောပါတယ်။

“နိုင်တော်က ချမှတ်ထားတဲ့အတိုင်း လူဦးရေ အယောက် ၃၀ အောက်ဖြင့် ပို့ချတာပါ၊ တစ်ဦးနဲ့တစ်ဦးကိုလည်း ၆ ပေအကွာပေါ့၊ ဒါ့အပြင် လက်ဆေးတာ၊ နှာခေါင်းစည်းတပ်တာတွေနဲ့ သက်ဆိုင်ရာကနေ ခွင့်ပြုချက်ယူပြီး လုပ်ဆောင်ခဲ့ပါတယ်” လို့ လူငယ်ခေါင်းဆောင်က ပြောပါတယ်။

ရှမ်းပြည်နယ် ကချင်စာပေနှင့်ယဉ်ကျေးမှုအသင်းရှိ ဒေသအသီးသီးက လူငယ် ၁၆ ဦးနဲ့ ရှမ်းပြည်မြောက်ပိုင်းလူငယ်၊ လားရှိုးတက္ကသိုလ်ကျောင်းသားပါဝင် သင်ယူခဲ့ကြကာ ဒါကပထမဦးဆုံး လုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်။

Leave a Reply

*