ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကေအိုင်အေနဲ့ အာဏာသိမ်းစစ်တပ် တိုက်ပွဲဖြစ်ပွား

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၆ တပ်ရင်း ၃၆ အခြေစိုက်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုး-ဖောင်းဆိုင်ဒေသ မန်ခွန်ကျေးရွာအနီး ဩဂုတ်လ ၂၈ ရက်နေ့ နေ့လည် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေ (KIA) ကြားတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Photo Credit:

စစ်ကောင်စီတပ် တပ်မ ၉၉ မှ စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေဘက်မှ ခုခံတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ ထိုစဉ် အာဏာသိမ်းစစ်တပ်ဘက်မှ အနီးဝန်းကျင်ဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မန်ဟာကျေးရွာရှိ နေအိမ်တစ်လုံး လက်နက်ကြီကျည်ထိမှန်ပြီး ပျက်စီးသွားခဲ့ရပါတယ်။

ထိုဒေသတွင် အာဏာသိမ်းစစ်ကောင်စီအုပ်စုမှ စစ်အင်အား၊ လက်နက်အင်အားတိုးချဲ့ကာ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေ အစဉ်မပျက်လုပ်ဆောင်နေတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်အပြင် ကိုးကန့်တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဩဂုတ်လ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ ညနေပိုင် ၄ နာရီမှာတော့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်တာကြောင့် မန်ယန်၊ ဘန်မွေကျေးရွာဘက် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ယမန်နေ့မှာပင် နမ့်တောင်ကျေးရွာဘက် အာဏာသိမ်းစစ်တပ်က ကျေးရွာအတွင်း ရောက်ရှိလာကာ ဒေသခံနေအိမ်အချို့ကို ဝင်ရောက်ရှာဖွေကာ ရိုက်နှက်မှုတွေလည်း ရှိခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးဒေသတွင် အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်ကြား တိုက်ပွဲမကြာခဏဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီတပ်များက တိုက်ပွဲဖြစ်ပွားတဲ့နေရာ အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံနေအိမ်များကို ဝင်ရောက်ရှာဖွေမှုတွေလုပ်ဆောင်နေတာကြောင့် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြရပါတယ်။

Leave a Reply

*