ရှဒန်ပါကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲသူ ပိုမိုများပြားလာ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မံမော်ကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ရှဒန်ပါကျေးရွာနဲ့ အနီးဝန်းကျင်တွင် မူယစ်ဆေးဝါးသုံးစွဲသူဦးရေနဲ့ ရောင်းဝယ်ဖောက်ကားသူ တစ်နေ့ထက်တစ်နေ့များပြားလာကြောင်း ဒေသခံများထံမှ သိရပါတယ်။

ရှဒန်ပါကျေးရွာ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့အနေဖြင့် နှိမ်နှင်းရေးလုပ်ဆောင်မှုများ ပြုလုပ်နေပေမယ့် သုံးစွဲသူ ရောင်းဝယ်ဖောက်ကားသူများက လျော့ကျသွားခြင်းမရှိသေးကာ ပိုမိုတိုးလာကြောင်း ပြောပါတယ်။

“ကျတော်တို့ ရှဒန်ပါမှာ အခုလည်း မူယစ်ဆေးဝါးသုံးစွဲသူရော၊ ရောင်းဝယ်သူတွေကလည်း စဉ်ဆက်မပျက်ရှိနေတော့ ခိုးဆိုးလှုနှိုက်တာတွေများလာတယ် ရောင်းလို့ရတာအကုန်ခိုးနေတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ မူးယစ်ဆေးဝါး သုံးစွဲသူနဲ့ ရောင်းဝယ်သူအများစုက အခြားသော ကျေးရွာများလာ လာရောက်သူများဖြစ်နေတာကြောင့် ယခုမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်တည်ဆောက်မှုတွေပြုလုပ်နေချိန်ဖြစ်တာကြောင့် ဒေသခံများက စိုးရိမ်နေကြရပါတယ်။

လွန်ခဲ့သောလ မတ်လတွင်လည်း ကျေးရွာတွင်း မူယစ်နှိမ်နှင်းရေးတွေလုပ်ဆောင်ခဲ့စဉ် သုံးစွဲ ရောင်းဝယ်သူ ၄ ဦးကို  ဖမ်းဆီးနိုင်ခဲ့ပြီး ကျေးရွာကော်မတီရုံးတွင် သွန်သင်ဆုံးမပြီး ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရပါတယ်။

ရှဒန်ပါကျေးရွာခံအများစုက လက်ရှိတွင် စစ်ဘေးရှောင်နေကြသူများဖြစ်ကာ စခန်းများတွင်သာ နေထိုင်နေတာဖြစ်ပြီး အချို့တလေက ကျေးရွာစောင့်ရင်းပြန်လည်နေထိုင်ရာမှာတော့ အိမ်ထောင်စု (၃၄) စု လူဦးရေအဖြစ် (၁၁၅) ဦး မိမိနေရပ်တွင် ပြန်လည်အခြေချနေပြီဖြစ်ပါတယ်။

Leave a Reply

*