ရှထုဇွပ်စစ်ဘေးရှောင်များရဲ့ နေအိမ်တည်ဆောက်ဖို့ စီမံထားမှုရပ်ဆိုင်း

ရှထုဇွပ်ကျေးရွာ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဝင်းတွင် ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူများရဲ့ နေအိမ်ခြံဝင်းများ ပြုပြင်မွမ်းမံတည်ဆောက်ဖို့ စီစဉ်ထားမှုတွေကို ခေတ္တရပ်နားထားလိုက်ပြီး ဖြစ်ကြောင်း စခန်းတာဝန်ရှိသူထံမှ သိရပါတယ်။

စစ်ဘေးရှောင်များရဲ့ နေအိမ်တည်ဆောက်ပေးမှုကို ၂၀၂၁ ခုနှစ်အစပိုင်းကနေ စတင်အကောင်အထည်ဖော်လုပ်ဆောင်လာတာဖြစ်ပေမယ့် မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲကြောင့် တည်ဆောက်ခြင်းလုပ်ငန်းမပြုလုပ်နိုင်သေးကာ ကေအိုင်အေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားမှုတွေ ပြန်လည်ရှိလာတာကြောင့် စစ်ဘေးရှောင်ပြည်သူများအတွက် စိုးရိမ်ဖွယ်ဖြစ်တာကြောင့် နေအိမ်တည်ဆောက်ခြင်းက ကြန့်ကြာနေရတာဖြစ်ပါတယ်။

“နေအိမ်ဆောက်ဖို့ ပိုက်ဆံကလည်းမရ၊ အကူအညီပေးသူတွေကလည်း ငွေသားထုတ်ယူနိုင်ဖို့ အခက်အခဲဖြစ်နေတော့ ခဏရပ်နားထားတဲ့သဘောပါ၊ မြေနေရာဖြန့်ဝေပေးပြီး တောင်ယာအိမ်အသေးလေးလောက် လုပ်ပြီးနေထိုင်ဖို့ကလည်း ရွာအနီးမှာ တိုက်ပွဲပြန်ဖြစ်နေတာဆိုတော့ စစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်ဖွယ်ဖြစ်တာကြောင့် မပြန်ရဲဘဲဖြစ်နေရတာပါ” လို့ တာဝန်ရှိသူကပြောပါတယ်။

မတ်လ ၁၂ ရက်နေ့က ရှထုဇွပ်ကျေးရွာအနီးရှိ စံပြကျေးရွာတွင် ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့သလို မတ်လ ၁၈ ရက်နေ့မှာလည်း တနိုင်-လီဒိုလမ်း တိန်ကော့ကျေးရွာအနီးမှာလည်း တိုက်ပွဲဖြစ်ခဲ့ပါသေးတယ်။

Leave a Reply

*