ရှထုဇွပ်ကျေးရွာ နှစ်ခြင်းခရစ်ယာန်အသင်းတော်ကျောင်းဝင်းတွင် ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူများရဲ့ နေအိမ်နဲ့ ခြံဝင်းများကို ပြုပြင်တည်ဆောက်ပေးသွားတော့မှာဖြစ်တာကြောင့် စစ်ဘေးကူညီရေးအဖွဲ့ဖြစ်တဲ့ ကေဘီစီ၊ HDDနဲ့ မြစ်ကြီးနားဇုံနယ် ဖွံ့ဖြိုးရေးဌာနဘက်ကို စာရေးသားပေးပို့ အကြောင်းကြားသွားမှာဖြစ်ကြောင်း ဒေသခံများကပြောပါတယ်။
စစ်ဘေးရှောင်တဲ့အချိန်ကြာလာတာနဲ့အမျှ စစ်ဘေးရှောင်ပြည်သူများရဲ့ နေအိမ် ခြံဝင်းများကို ရွှေတူးဖော်ခြင်းများလုပ်ဆောင်ပေးလိုက်တာတွေရှိကာ ပြန်လည်အခြေချဖို့ အခက်ကြုံတွေ့နေရတာကြောင့် ရှထုဇွပ်အသင်းတော်ရှိ အသင်းသားများ၊ ကျေးရွာအုပ်ချုပ်သူများနဲ့ ယုဇနကုမ္ပဏီများ ဆွေးနွေးပြီး စစ်ဘေးရှောင်ပြည်သူများအတွက် ၈ ဧကအကျယ်အဝန်းသတ်မှတ်ပေးကြောင်း ဆရာဖော်ထန် ထွယ်အောင်ကပြောပါတယ်။
“အခြားသောအဖွဲ့အစည်းများကို အကူအညီတောင်းခံထားခြင်းတော့မရှိပေမယ့် ကျတော်တို့ကို ကြည့်ရှုစောင့်ရှောင်နေတဲ့ ကေဘီစီ၊ HDDနဲ့ မြစ်ကြီးနားဇုံနယ် ဖွံ့ဖြိုးရေးဌာနဘက်ကို စာပေးပို့ အကြောင်းကြားထားပါတယ်၊ လုပ်ငန်းစချိန်မှာ တာဝန်ယူပေးမယ်လို့ ယုံကြည်တာကြောင့်ပါ၊ အခုတလောကတည်းက လုပ်ဆောင်နိုင်တဲ့အရာတွေတော့ လုပ်ဆောင်နေချိန် စက်ချို့ယွင်းမှုပြန်ဖြစ် အခုကတော့ မြေညှိခြင်းတွေလုပ်ဆောင်နေပါတယ်” လို့ ဆရာကပြောပါတယ်။
ရှထုဇွပ်ကျေးရွာ နှစ်ခြင်းခရစ်ယာန်အသင်းတော်ကျောင်းဝင်းတွင် ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူများက ရှထုဇွပ်ဒေသတဝိုက်ရှိ ပြည်သူများဖြစ်ကာ ၂၀၁၆ ခုနှစ် ဇူလိုင်လကတည်းက စစ်ဘေးရှောင်ခဲ့တာဖြစ်ပြီး အိမ်ထောင်စု ၂၅ စု၊ လူဦးရေ ၁၁၈ ဦးရှိပါတယ်။