ရှင်ဗွေယန်မြို့ဘက် ဆန်တင်ပို့မှုကို အာဏာသိမ်းစစ်တပ်မှ ပိတ်ပင်

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ ရှင်ဗွေယန်မြို့ဘက် ဆန်တင်ပို့မှုလုပ်ဆောင်ခြင်းကို အာဏာသိမ်းစစ်တပ်မှ ပိတ်ပင်တားဆီးလိုက်တာကြောင့် ဆန်ဈေးနှုန်းမြင့်မားမှုနဲ့ ပြည်သူများ ကြုံတွေရကာ အခက်ကြုံနေရတယ်လို့ ပြောပါတယ်။

ယခုလို စစ်ကောင်စီအဖွဲ့မှ တနိုင်းမြို့နဲ့ ရှင်ဗွေယန်မြို့ကြား ဆန်တင်သွင်းခြင်း ပိတ်ပင်ထားချက်ကြောင့် ယခင်က ရှင်ဗွေယန်တွင် ဆန်တစ်အိတ်ကို သုံးသောင်းကျပ်ဖြင့် ဝယ်ယူနိုင်ပေမယ့် လက်ရှိမှာတော့ ၄၇၀၀၀ ကျပ်ဖြင့် ဝယ်ယူစားသုံးနေရကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

ဆန်နဲ့အခြားသောပစ္စည်းများ တင်သွင်းမှုကို ပိတ်ပင်ထားဆဲဖြစ်မည်ဆိုရင် ဒေသခံပြည်သူများကအစားအသောက် အခက်တွေ့လာရမည်ကို စိုးရိမ်နေပြီး ဆန်တစ်အိတ်လုံးဖြင့် ရောင်းချပေးမှုကိုလည်း ရပ့်တန်းထားကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဆန်တင်ပို့မှု ပိတ်ပင်တားဆီးလိုက်တာကြောင့် ဆန်ဈေးနှုန်းမြင့်တက်လာတာ မေလဆန်းပိုင်းကတည်းကဖြစ်ကာ ဒေသတွင်း မတည်မငြိမ်မှုတွေကြား လုပ်ငန်းလုပ်ကိုင်တာတွေ ခရီးသွားလာမှုတွေကလည်း အခက်ကြုံနေကြရပါတယ်။

Leave a Reply

*