ရွှေတူးဖော်မှုကြောင့် လမ်းပျက်စီး သွားလာရခက်ခဲမှုဖြစ်

ဆွမ်ပရာဘွမ်မြို့နယ် ဆလန်ယန်စစ်ဘေးရှောင်စခန်းအနီးတဝိုက် ဆလန်ချောင်းတွင် ရွှေတူးဖော်မှုပြုလုပ်တာကြောင့် လမ်းပျက်စီးမှုဖြစ်ပွားကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲစေမှုတွေ ဖြစ်ပွားနေတယ်လို့ သိရှိရပါတယ်။

ရွှေတူးဖော်သူများဟာ အခြားဒေသများရှိ စီးပွားရေးသမားများဖြစ်ကြကာ စစ်ဘေးရှောင်သူများ သွားလာရေးခက်ခဲစေသလို စခန်းနဲ့နီးစပ်နေခြင်းက ရွှေတွင်းများဟာ ကလေးများအတွက် အသက်အန္တရာယ်ဖြစ်စေတတ်တဲ့အရာတစ်ခုလိုဖြစ်နေတာကြောင့် စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ဆလန်ယန်စစ်ဘေးရှောင်စခန်းကို ဇွန်လကုန်အထိ အစားအသောက်ပံ့ပိုးမှုတွေရှိခဲ့ကာ လက်ရှိတွင် မိုးရွာသွန်းမှု စဉ်ဆက်မပြတ်ဖြစ်ပွားလာတာကြောင့် ရေကြီးရေလျှံဖြစ်ကာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် ထောက်ပံ့ကူညီရေးလုပ်ဆောင်ဖို့ လွယ်ကူခြင်းမရှိခြင်းကြောင့် လက်ရှိမှာတော့ အစားအသောက်အကူညီရောက်ရှိမှု လျော့နည်းလာတာကြောင့် စစ်ဘေးရှောင်သူများအနေဖြင့် အခက်အခဲကြုံတွေ့နေရကာ မိုးတွင်းကာလဖြစ်တာနဲ့အညီ ကလေးများကလည်း တုပ်ကွေးရောဂါဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ် ဒရိယန်ကျေးရွာအနီးတွင်လည်း စက်ကြီးများဖြင့် ရွှေတူးဖော်မှုတွေပြုလုပ်နေတာကြောင့် ကျေးရွာထိခိုက်ပျက်စီးမည်ကို ဒေသခံများက မလိုလားကာ မလိုလားအပ်တဲ့ ပြဿနာများလည်း ဖြစ်ပွားနေခြင်းကြောင့် ကျေးရွအုပ်ချုပ်ရေးမှူးများအနေဖြင့် ဖြေရှင်းပေးဖို့ ဒေသခံများက လိုလားနေကြပါတယ်။

Leave a Reply

*