ရွှေကူမြို့နယ်တွင် KIA, KPDF ပူးပေါင်းတပ်နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေဆဲ

မတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။

ရွှေကူမြို့နယ်၊ မံဝိန်းကျေးရွာအနီး ယနေ့ မတ်လ ၂၅ ရက်နေ့ ညနေပိုင်း ၁ နာရီခွဲခန့်တွင် ကေအိုင်အေတပ်မဟာ ၃ တပ်ရင်း ၁၂ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က ကေအိုင်အေနယ်မြေဘက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာစဉ် KIA, KPDF ပူးပေါင်းတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ ညနေပိုင်း ၃ နာရီခွဲခန့်မှာတော့ မြစ်ကြီးနားလေတပ်စခန်းမှ ဂျက်တိုက်လေယာဉ် ၂ စီးဖြင့်  မံဝိန်းကြီး ဘုန်းကြီးကျောင်းအနီး ဆီတနဲ့ ဆီမူလေးတဝိုက် နဲ့ ဝင်ဝဘက် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၁၀ နဲ့ ခမရ ၆၀၂ တပ်က အင်အား ၁၀၀ ကျော်ဖြင့် ရွှေကူနယ်ဘက် လွန်ခဲ့သော ၃ ရက်ကတည်းက ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် KIA, KPDF ပူးပေါင်းတပ်မှ ကြားဖြတ်တိုက်ခိက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မတ်လ ၂၄ ရက်နေ့ကလည်း ငှက်တံတားတဝိုက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိတာကြောင့် ဒေသခံ နေအိမ် ၂ လုံး မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရပါတယ်။

Leave a Reply

*