ရွာပျက်ကြီးသဖွယ်ဖြစ်အောင် အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်

မုံကိုး-ဖောင်းဆိုင်ဒေသတွင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA)တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ယခုတလော ခပ်စိတ်စိတ်ဖြစ်ပွားနေကာ ကျေးရွာအချို့ရှိ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။

ပုံဟောင်းသာဖြစ်ပါတယ်။

အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီတပ်မှ ကိုးကန့်တပ်မတော်တည်ရှိရာ ဖောင်းဆိုင်ဒေသ မန်ယန်ကျေးရွာအတွင်းဘက် လက်နက်ကြီးများ တရစပ် ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကာ ထိုကျေးရွာက လက်ရှိမှာတော့ အပျက်အစီးများစွာဖြစ်ပေါ်နေကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မန်ယန်ကျေးရွာရှိ ဘုရားကျောင်း ထိခိုက်ပျက်စီးသွားခဲ့ရကာ ဒေသခံပြည်သူများကတော့ မိမိမွေးမြူထားတဲ့ တိရစ္ဆာန်များနဲ့ စိုက်ပျိုးဆဲအရာများကို ထားရစ်ခဲ့ရပြီး ဘန်မွေကျေးရွာဘက် ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ကာ လက်ရှိမှာတော့ ကျေးရွာက ရွာပျက်တဖွယ်ပျက်စီးသွားခဲ့ရကြောင်း သိရပါတယ်။

ယနေ့ည ၈ နာရီ ၁၅ မိနစ်ခန့်မှာတော့ မူဆယ်-နမ့်ဖက်ကာကြားရှိ နမ့်ပေါ်တံတားအနီးရှိ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ကေအိုင်အေ တပ်ရင်း (၉) တပ်ခွဲ (၂) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ လက်နက်ကြီးသံအချက် ၃၀ ထက်မနည်း ကြားခဲ့ရကာ ထိခိုက်သေဆုံးမှုကိုတော့ မသိရှိရသေးပါဘူး။

Leave a Reply

*