ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲရှိ မြန်မာစစ်တပ် ခ.လ.ရ (၂၉၀) သို့ရောက်ရှိနေသော တပ်မ(၅၅)လက်အောက်ရှိ စစ်သည်အင်အား(၁၀၀)ခန့်သည် မတ်လ(၁၁)ရက်နေ့၊ ၁း၀၀ နာရီ ခန့်တွင် စစ်သုံးယာဉ်(၃)စီးဖြင့် KIA တပ်ရင်း(၉) နယ်မြေ မာလောက်ပါလမ်း ဖက်သို့ချီတက်သွားကြောင်းသိရှိရသည်။
ဒေါ်ဆန်းမှချီတက်လာသော မြန်မာစစ်တပ် ခ.လ.ရ(၉၅) နှင့် ခ.မ.ရ (၁၁၄) ပူးပေါင်း စစ်သည်အင်အား (၁၀၀) ခန့်သည် မတ်လ(၁၁)၊ ညနေ ၂ နာရီ ခန့် တွင် KIA တပ်မဟာ(၄)၊ တပ်ရင်း(၃၄)နယ်မြေ၊ တုံခန်ကျေးရွာသို့ ရောက်ရှိလာကြောင်းသိရှိရသည်။
မတ်လ(၁၀)ရက်နေ့၊ နံနက် ၈း၃၀ နာရီ ခန့် ဟင်ပုတ် မှတက်လာသော တပ်မ(၇၇)လက်အောက်ရှိ စစ်သည်အင်အား (၆၀)ခန့်သည် ၉း၃၀ နာရီ ခန့် တွင်ဆိုင်းကောင်သို့ရောက်ရှိလာ ကြောင်း သိရှိရသည်။
ကွတ်ခိုင်မြို့နယ်၊ နမ်ဖာလွန်သို့ ရောက်ရှိနေသောတပ်မ (၁၁) လက်အောက်ရှိ စစ်သည် အင်အား(၆၀)ခန့်သည် မတ်လ(၁၀)ရက်နေ့၊ ညနေ ၄ နာရီ ခန့်တွင် ဖောင်ဒေါ်တွင်သွားလာ လှုပ်ရှားနေကြ ကြောင်း သိရှိရသည်။