ရေမဆေးကျောက်လောပန်းများကို ဖမ်းဆီးအရေးယူ

ဇူလိုင် ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့တဲ့ ဖားကန့်မြို့နယ် ဝှေခါမော်က မြေပြိုကျမှုဖြစ်စဉ်နဲ့ ဆက်စပ်ပြီး ရေမဆေးကျောက်လောပန်းများရဲ့ လောဘစိတ်ကြောင့် ဖြစ်ရခြင်းဖြစ်တယ်လို့ ဆိုပြီး အစိုးရအနေဖြင့် ဖမ်းဆီးအရေးယူမှုတွေ လုပ်ဆောင်နေပါတယ်။

“ပြဿနာဖြေရှင်းနည်း မမှန်ကန်ဘူးဖြစ်နေတယ်၊ စနစ်တကျမရှိ ဖျက်ဆီးပြီး ကိုယ့်အတွက်ပဲကြည့်တဲ့ ကုမ္ပဏီတွေကိုတော့ ဘာမှမပတ်သက်သလို အရေးယူမှုတွေမလုပ်ဆောင်ဘူး၊ ဘာမှမဟုတ်တဲ့ ရေမဆေးရှာဖွေသူကိုပဲ လောဘကြောင့်ဖြစ်ရတယ်လို့ အမည်တပ်တာကတော့ ဖြေရှင်းနည်းမဟုတ်ဘူး မှားနေတယ်” လို့ KDNG မှ ဆရာ Tsa Ji က သူ့အမြင်ကို ပြောပါတယ်။

Credit – Original Uploader

ပြဿနာအရင်းအမြစ်ကို အဖြေရှာကာ နိုင်ငံအဆင့်ဖြင့် ပေါ်လစီပြောင်းလဲပြင်ဆင်မှုတွေလုပ်ဆောင်ပြီး အားလုံးအတွက် သာတူညီမျှမှုရှိတဲ့ ဥပဒေဖြစ်ဖို့လိုအပ်ကာ ပြဿနာကိုယခုလိုဖြေရှင်းခြင်းမဟုတ်ပဲ စက်ယန္တရားကြီးများဖြင့် ကျောက်ရှာဖွေတဲ့ ကုမ္ပဏီကြီးများကို ကန့်သတ်ပိတ်ပင်ပြီး ပြဿနာကို အတူအကွဆွေးနွေးတိုင်ပင်ဖို့ လိုလားကြသူတွေရှိနေပါတယ်။

လက်ရှိအချိန် တားမြစ်ပိတ်ပင်မှသာ နောင်အချိန်အတွက် ပြဿနာဖြစ်ပွားမှု လျော့နည်းသွားမှာဖြစ်သလို လက်ရှိတွင် ရေမဆေးလောပန်း ၁၃ ဦးကို ကျောက်မျက်ဥပဒေ ၅၀ (က) ဖြင့် အမှုဖွင့်ထားကာ သုံးဦးကိုတော့ ဖမ်းဆီးထားနိုင်ပြီး ၁၀ ဦးကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။

Leave a Reply

*