ရေးဘေးဒုက္ခကြုံတွေ့နေရတဲ့ ရှထုဇွပ်နဲ့ ဝါယာဇွပ်ကျေးရွာ ဒေသခံများကို အောက်တိုဘာ ၇ ရက်နေ့က လူမှု့ဖွံ့ဖြိုးရေးအဖွဲ့ (MRJ)နဲ့ Kachin Bag Pack အဖွဲ့တို့ကနေ စားသောက်ဖွယ်ရာများကို လာရောက်ကူညီခဲ့ကြပါတယ်။
လက်ရှိအချိန်မှာတော့ ရေပြန်လည်ကျဆင်းသွားလာပြီဖြစ်တာကြောင့် နေအိမ်ပြန်လည်သန့်ရှင်းရေးလုပ်ဆောင်ပြီးနေထိုင်နေပြီဖြစ်ကာ ရှထုဇွပ်ကျေးရွာရှိ အိမ်ထောင်စု ၄၈၀ နဲ့ ဝါယာဇွပ်ကျေးရွာရှိ စပါးခင်းပျက်စီးသွားတဲ့ အိမ်ထောင်စု (၅) စုကို ဆန်နဲ့ စားသောက်ဖွယ်ရာများ သွားရောက်ကူညီခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ရေနစ်မြုပ်ထားရာနေရာဖြစ်တာကြောင့် သောက်သုံးရေအခက်အခဲရှိနေသလို ကိုဗစ်-၁၉ ရောဂါ ကာကွယ်နှိမ်နှင်းရေးအချိန်အခါကြောင့်လည်း သွားလာရေးမဖြစ်နိုင်ပြီး ရှာဖွေစားသောက်ဖို့လဲ အခက်ကြုံနေရကြတာဖြစ်ပါတယ်။
လီဒိုလမ်းတစ်လျှောက်ရှိ ရှထုဇွပ်နဲ့ ဝါယာဇွပ်ကျေးရွာတွေမှာ လွန်ခဲ့သော စက်တင်ဘာလ ၂၀ ရက်နေ့ကတည်းက ရေကြီးပြီး ရေဘေးဒုက္ခကိုခံစားနေကြရတာဖြစ်ကာ လက်ရှိအချိန်မှာတော့ မိမိနေအိမ်များကို ပြန်လည်ရှင်းလင်းရေးတွေလုပ်ဆောင်ပြီး နေထိုင်နေကြပြီဖြစ်ပါတယ်။