ရိက္ခာပို့ပြီးပြန်လာတဲ့ အကြမ်းဖက် စစ်ကောင်စီယာဉ်ကို KIA မိုင်းဆွဲတိုက်ခိုက်

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၂၇) နယ်မြေ မော်ဆွေချောင်းတံတားအနီး ဖြတ်သန်းသွားလာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီယာဉ်ကို ကေအိုင်အေတပ်မှ မတ်လ ၁၀ ရက်နေ့က မိုင်းသုံးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က လွယ်ဂျောင်တောင် တပ်စခန်းဘက် လက်နက်ခဲယမ်းနဲ့ ရိက္ခာများ ပို့ဆောင်ပြီး ပြန်လာချိန် မော်ဆွေချောင်းနဲ့ ဘန်ခွန်ယန်ကြားအရောက်တွင် ကြားဖြတ် စောင့်ကြိုကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါနယ်မြေ တဝိုက်တွင် အကြမ်းဖက် စစ်ကောင်စီအုပ်စုက စစ်ရေးလှုပ်ရှားမှု မကြာခဏလုပ်ဆောင်နေတာကြောင့် KIA တပ်နဲ့ တိုက်ပွဲဖြစ်ပွားလေ့ရှိတာဖြစ်ပြီး မတ်လ ၈ ရက်နေ့ကလည်း မုန်းခေါင်တပ်စခန်းမှ မဂျီကုန်းတပ်စခန်းဘက် အင်အားတိုးချဲ့လာစဉ် ကွန်ဖျတောင်တွင် ကေအိုင်အေတပ်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ပါသေးတယ်။

လက်တလောတွင် မုန်းခေါင်ကျေးရွာအထက်တွင် တပ်စွဲနေရာယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းက အနီးဝန်းကျင်ဘက် လက်နက်ကြီး ပစ်ခတ်မှုတွေ ရမ်းသမ်းပြုလုပ်နေတဲ့အပြင် မုန်းခေါင်တပ်စခန်းကလည်း ဒေသခံများကို ကျေးရွာအတွင်း အပြင် သွားလာခြင်းမပြုလုပ်ဖို့ သတိပေးပြောဆိုလာခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

Leave a Reply

*