ယာဉ် ၄ စီးပါ စစ်ကောင်စီယာဉ်တန်း ၃ စီးပျက်စီးကာ သေဆုံးထိခိုက်မှု များပြားခဲ့

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ဟူနောင်းကျေးရွာအထက်ပိုင်းတွင် မေလ ၁၆ ရက် နေ့လည် ၁၁ နာရီခွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) တပ်ရင်း (၈) နဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကား (၄) စီးဖြင့် စစ်လက်နက်ခဲယမ်းများ တင်ဆောင်ကာ မူဆယ်ဘက် ထွက်ခွာလာစဉ် ကေအိုင်အေတပ်နဲ့ ထိတွေ့ခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

စစ်ကောင်စီတပ် ယာဉ်တန်းကို လက်နက်ကြီးများဖြင့် စောင့်ကြိုတိုက်ခိုက်နိုင်ခဲ့တာကြောင့် သေဆုံးထိခိုက်သူများပြားခဲ့ကာ ဖြတ်သန်းလာတဲ့ စစ်ယာဉ် ၄ စီးထဲမှ ၃ စီး ပျက်စီးသွားခဲ့ကြောင့် ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

လတ်တလောတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက် စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်လာခြင်းကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိနေကာ မေလ ၁၂ ရက်နေ့တွင်လည်း ဟူနောင်ကျေးရွာအထက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

*