ယမန်နေ့ ဖားကန့်တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂၀ ဝန်းကျင် သေဆုံး ထိခိုက်ဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်နဲ့ ဝှေခါကျေးရွာကြား ယမန်နေ့ မေလ ၂၂ ရက်နေ့ မနက်ပိုင်း ၅ နာရီခန့်ကနေ ၈ နာရီအထိ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၆) နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဖားကန့်မြို့ဘက်ပိုင်းကနေ ချီတက်လာတဲ့ အင်အား ၂၀၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို ကေအိုင်အေတပ်မှ ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ သေဆုံး ထိခိုက်ဒဏ်ရာရရှိသူ (၂၀) ဝန်းကျင်ရှိခဲ့ကာ ဒဏ်ရာရသူများကို သယ်ဆောင်ဖို့ လာရောက်တဲ့ ကားတစ်စီးကိုလည်း ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု ပြီးဆုံးချိန်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ် ရမ်သမ်းပစ်ခတ်မှုတွေ ရှိနေခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။

မေလ ၂၀ ရက်နေ့တွင်လည်း ဂွေလုံတပ်စခန်းကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီ အင်အား ၂၀၀ ပါ စစ်ကြောင်းကို ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်စဉ်တွင်လည်း သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။

ကေအိုင်အေနယ်မြေနဲ့ ထိစပ်နေတဲ့ နေရာအချို့တွင် လွန်ခဲ့သောအပတ်အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားခြင်း၊ စစ်အင်အား၊ လက်နက်ခဲယမ်းဖြည်တင်းခြင်းတွေ သိသိသာသာ တိုးများလာခဲ့ကြောင်း စစ်ရေးသတင်းတွေအရ သိရပါတယ်။

Leave a Reply

*