မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ လေတပ်စခန်းကို လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်ခံရ

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မြောက်ပိုင်းတိုင်စစ်ဌာနချုပ်ရဲ့ လေတပ်စခန်းထဲကို တာဝေးပစ် လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်ခံခဲ့ရပြီး လက်နက်ကြီး ၂ လုံးက လေယာဉ်ကွင်းထဲကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။

မြစ်ကြီးနားမြို့ အလယ်မော်ဖောင်းကျေးရွာတွင်လည်း တစ်လုံးကျရောက်ပြီး နေအိမ်အနည်းငယ်ထိခိုက်ပျက်စီးခဲ့ကာ နေအိမ်တွင်ရှိနေတဲ့ အသက် ၅၀ ကျော်အမျိုးသားတစ်ဦး လက်မောင်းပြန်ထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

လက်ရှိတွင် စစ်ကောင်စီတပ်များက လေတပ်စခန်းအနီးဝန်းကျင်ကို စစ်ဆေးမေးမြန်းမှုတွေနဲ့ လုံခြုံရေးတပ်ကျပ်ထားသလို လေတပ်စခန်းမည်သည့်အတိုင်းအတာ ထိခိုက်သွားခြင်းကိုတော့ မသိရှိရသေးပါဘူး။

Leave a Reply

*