မြေပြိုကျမှုကြောင့် လူအမြောက်အများ ဖားကန့်မှော်တွင်သေဆုံး

ဖားကန့်ဒေသ ဝှေခါမှော်တွင် ရေသေရေအိုင်သဖွယ်ဖြစ်နေတဲ့ လုပ်ကွက်ဟောင်းနေရာပတ်ပတ်လည်တွင် ရေမဆေးကျောက်ရှာဖွေနေသူများ အနီးရှိမှောက်တောင်ပြိုကျလာမှုဖြစ်ပွားခြင်းကြောင့် နွံလှိုင်းရိုက်ခက်မှု ဖြစ်ပွားပြီး လူ ပေါင်း၂၀၀ နီးပါး သေဆုံးခဲ့ရမှုတစ်ခု ယနေ့ဇူလိုင်လ ၂ ရက်နေ့ မနက် ၆ နာရီခွဲအချိန်ခန့်တွင် ဖြစ်ပွားခဲ့ပါတယ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် လူဒါဇင်နဲ့ချီတဲ့ အလောင်းတွေကို ရှာဖွေရရှိပြီဖြစ်ကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ညနေပိုင်း ၃ နာရီခွဲအချိန် ထပ်မံ ထုတ်ပြန်ချက်အရ အလောင်း ၁၂၆ ဦးရဲ့ ရုပ်အလောင်းများ ရှာဖွေနိုင်ပြီဖြစ်သလို ဒီထက်ပိုမိုများပြားနိုင်တာကြောင့် ဖားကန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအရှိန်မြင့် သတိထားစွာ လုပ်ဆောင်နေကြပါတယ်။

ဒေသခံများရဲ့အဆိုအရ ကျောက်မျက်ရွှေကြည် ကုမ္ပဏီ၏ လုပ်ကွက်ရှိ မှောက်တောင်ပြိုကျလာခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြိုကျလာသော မှောက်တောင်များ ရေအိုင်ထဲကို ဝင်ရောက်လာခြင်းဖြစ်ကာ ရေအိုင်ရှိရေများ ဆူနာမီရေလှိုင်သဖွယ် ရွံ့နွံ့လှိုင်းရိုက်ခတ်လာမှုကြောင့် အနီးတဝိုက်ကျောက်ရှာဖွေနေသူများမျောပါသွားခဲ့ရတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဖားကန့်ဒေသရှိ မှော်များတွင် ယခုလိုမြေပြိုမှုတွေက အမြဲတမ်းလိုလိုဖြစ်နေကာ ယခင်လတွင်လည်း အလားတူဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။ ယခင်နှစ်တွင်လည်း မြေဇာပုံပြိုကျမှုကြောင့် လူပေါင်းတစ်ထောင်နီးပါး အသက်ဆုံးရှုံးရမှုတွေရှိခဲ့သလို ကျောက်ရှာဖွေတဲ့ ကုမ္ပဏီများရဲ့ မဆင်မခြင် မြေဇာသွန်မှုကြောင့် ဖြစ်ပွားမှုအများဆုံးဖြစ်ပြီး တာဝန်ယူမှုတာဝန်ခံမှုလည်း မရှိဘူးလို့ ဒေသခံများက ဆိုကြပါတယ်။

ဓာတ်ပုံ – Myanmar Fire Services Department

ပြည်ထောင်စုအစိုးရအနေဖြင့် ဇူလိုင်၊ ဩဂုတ်နဲ့ စက်တင်ဘာ သုံးလကို  ကုမ္ပဏီများအနေဖြင့် ကျောက်ရှာဖွေမှု ရပ်ဆိုင်ထားဖို့ ကြေညာချက်ထုတ်ပြန်ထားပေမယ့် လိုက်နာမှု မရှိကြဘူးလို့ မျက်မြင်တွေ့သူတွေက ပြောကြသလို အချို့သော သက်တမ်းလွန် လုပ်ကွက်ဟောင်းတွေမှာလည်း ရှာဖွေမှုတွေ လုပ်ဆောင်နေကြဆဲဖြစ်တယ်လို့ ဒေသခံများကပြောပါတယ်။ ကျောက်ရှာဖွေရေးကုမ္ပဏီများရဲ့ ယခင်ခေတ်အဆက်ဆက်ကတည်းက စနစ်ကျစွာ တူးဖော်ရှာဖွေမှုတွေမရှိခဲ့တာကြောင့် ယခုလို မြေဇာပုံပြိုကျမှုတွေဖြစ်ပွားနေခြင်းဖြစ်ကာ အစိုးရအနေဖြင့် ကုမ္ပဏီများကို အထူးကြပ်မတ်သင့်တယ်လို့ ဒေသခံများက ယူဆထားကာ ဆောင်ရွက်မှုမရှိပါက ဆက်လက်ပြီး မြေပြိုမှုတွေက ရှိနေအုံးမှာပဲ ဖြစ်ပါတယ်။

Leave a Reply

*