မြန်မာနိုင်ငံ ငြိမ်းချမ်းဖို့အတွက် ပြည်သူအပေါင်း ဆုတောင်းပေးကြဖို့ အနိုင်ပွဲရလိုက်တဲ့ အောင်လအန်ဆန် တိုက်တွန်း

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။

မြန်မာ့စပါးအုံးမြွေ အောင်လအန်ဆန်မှ ပြိုင်ဘက် ဘရားဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်ဗောင်းကို ပထမအချီရဲ့ တစ်မိနစ် ၂၉ စက္ကန့်မှာတင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ကာ မြန်မာနိုင်ငံငြိမ်းချမ်းရေးရရှိဖို့ ပြည်သူအားလုံး ဆုတောင်းကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ပြိုင်ပွဲနီးနေချိန် ပြိုင်ဘက် ပြောင်းလဲလိုက်ရပေမယ့် အကောင်းဆုံးပုံစံဖြင့် ထိုးသတ်သွားတဲ့ အောင်လအန်ဆန်က ယခုလို အနိုင်ရရှိခြင်းအတွက် ဘုရားသခင်ကို ရှေ့ဦးစွာကျေးဇူးတင်သလို အားပေးကြတဲ့ ပရိသတ်အပေါင်းကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုသွားခဲ့ကာ လွန်ခဲ့သော ၂ နှစ်က သူ့အတွက် စိတ်ဓာတ်ကျစရာများစွာဖြင့် ဖြတ်သန်းခဲ့ရကြောင်း ရင်ဖွင့်သွားခဲ့ပါတယ်။

ယခုလို နိုင်ပွဲဆက်ရရှိသွားတဲ့အတွက် အောင်လအန်ဆန်အနေဖြင့် သူဆုံးရှုံးခဲ့ရတဲ့ ချန်ပီယံကပတ်အတွက် ပြန်လည်ရရှိဖို့ အခွင့်သာသွားခဲ့ပြီဖြစ်ပြီး နောက်ထပ်ပွဲအတွက် မည်သူနဲ့မဆို ထိုးသတ်သွားဖို့ အဆင်သင့်ရှိနေကြောင်းလည်း ပွဲပြီးစင်မြင့်ပေါ်တွင် ပြောဆိုသွားခဲ့ပါတယ်။

မြန်မာ့စပါးအုံးမြွေ အောင်လ အနေဖြင့် ယခုပွဲထိုးသတ်ဖို့အတွက် ခန္တာကိုယ်အလေးချိန် ထိပ်တိုးခဲ့ရပြီး သူ့အတွက် အနည်းငယ်ခက်ခဲမယ်လို့ အစပိုင်းတွင် ထင်ခဲ့ရပေမယ့် လက်တွေ့မှာတော့ ပြိုင်ဘက်ကို အသာစီးအနေအထားဖြင့် အမြန်ဆုံး အသုံးသတ်အောင်ပွဲရရှိစေခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ One Championship ရဲ့ One Fight Night-6 ပြိုင်ပွဲတွင် မြန်မာပြည်သူများ တခဲနက်အားပေးခြင်းကို ခံထားရတဲ့ ကချင်တိုင်းရင်းသား အောင်လအန်ဆန်ရဲ့ တွဲဆိုင်းလည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ပါတယ်။

အဆိုပါ သိုင်းပေါင်းစုံ လက်ဝှေ့ပြိုင်ပွဲကို ထိုင်းနိုင်ငံရောက် မြန်မာပရိသတ်များ တခဲနက်အားပေးသံများကို အောင်လ ကွင်းထဲဝင်ရောက်လာစဉ် သိသာထင်ရှားစွာ ကြားခဲ့ရပြီး ပြိုင်ပွဲကလည်း ပိုမိုအသက်ဝင်သွားခဲ့ပါတယ်။

Leave a Reply

*